Main menu

Background

ခရစ္စမတ် မတိုင်မီ ဝက်(အရှင်) တင်ပို့မှုများလာ

Fri, 01/28/2011 - 05:57 -- Anonymous (not verified)

 ခရစ္စမတ် မတိုင်မီ ဝက်(အရှင်) တင်ပို့မှုများလာ              ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ဆက်စပ်လျက်ရှိတဲ့ တစ်ဖက်နိုင်ငံ မီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသော မီဇို လူမျိုးအများစုသည် ဝက်သားကို ပိုမိုကြိုက်နှစ်သက်ပြီး မြန်မာ နိုင်ငံဘက်မှ တင်ပို့သောဝက်မှာ အသားနှင့်အဆီ ခွဲခြား၍ စားသုံးရ လွယ်ကူတဲ့အတွက် ၎င်းးတို့ဒေသမွေးဝက်များထက် ပိုမိုကြိုက်နှစ်သက်ကြကြောင်း သိရပါတယ်။ ရိဒ်စခန်းမှ ဝက်အရှင် (Pig Alive) တင်ပို့မှုအနေဖြင့် အောက်တိုဘာလ တွင် ၁၆ ဒသမ ၅ တန်၊ တန်ဖိုးကျပ် ၂၂ ဒသမ ၆ဝ၁ သန်း၊ နိုဝင်ဘာလတွင် တန်ချိန်ပေါင်း ၂၄ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၃၄ ဒသမ ၃၅၉၁ သန်းနှင့် ခရစ္စမတ်ကာလမတိုင်မီ ဒီဇင်ဘာလအလယ်အထိ တန်ချိန် ၂၂တန်ကျော်၊ တန်ဖိုးကျပ်  ၃ဝ ဒသမ ၅၁၇ သန်းဖိုးတင်ပို့ထားနိုင်ကြောင်း သိရပါတယ်။ ဘဏ္ဍာနှစ်အလိုက် ဝက်အရှင် တင်ပို့နိုင်မှုများကို အသိပေးလိုက်ရပါတယ်။ မင်းဇော်                                       တန်ချိန်               တန်ဖိုး(ကျပ်)၂ဝဝ၇-၂ဝဝ၈                      ၉၃၃၄၆            ၁၂၅ဝ၈၃၆၄ဝ၂ဝဝ၈-၂ဝဝ၉                      ၃၄၁၉၇ဝ          ၄ဝ၈၆၂၆၇၅ဝ၂ဝဝ၉-၂ဝ၁ဝ                      ၄၉၇၉၄၇          ၆၈၂၁၈၇၃၉ဝ၂ဝ၁ဝ-၂ဝ၁၁  ဒီဇင်ဘာ ထိ   ၂၄၄၄၁၉            ၃၃၄၈၄၄ဝ၃ဝ