Main menu

Background

တရုတ်နိုင်ငံတစ်ဝန်း ပြည်ပနို့မှုန့် ရောင်းအားကောင်း

Fri, 01/28/2011 - 06:02 -- Anonymous (not verified)

တရုတ်နိုင်ငံတစ်ဝန်း ပြည်ပနို့မှုန့် ရောင်းအားကောင်း           တရုတ်နိုင်ငံမှာ ပြည်ပကတင်သွင်းတဲ့ နို့မှုန့်များအား ယုံကြည်စိတ်ချစွာ အသုံးပြုလာကြပြီဖြစ်လို့ တရုတ်နိုင်ငံ တစ်ဝန်းနို့မှုန့် ရောင်းအားကောင်းပြီး အကိုျးအမြတ်ကြီးမားစွာ ရရှိနေလျက်ရှိကြောင်း ယူနန်ရှင်ရှိပေါင် သတင်းစာမှာ ဖော်ပြထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပြည်ပမှ နို့မှုန့်တင်သွင်းမှုတန်ချိန် ၃ ဒသမ ဝ၇၆ သိန်းနဲ့ စံချိန်ချိုးလိုက်နိုင်ခဲ့ပါတယ်။ ၂ဝဝ၈ ခုနှစ် မယ်လမင်းအဆိပ်သင့်မှုမဖြစ်ပေါ်မီ တရုတ်ပြည်တွင်းနို့မှုန့် ထုတ်လုပ်ထွက်ရှိမှုမှာ ဈေးကွက်မှာ ၆ဝ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။၂ဝ၁ဝ ပြည့်နှစ်မှာ တရုတ်နိုင်ငံတွင်း ထုတ်လုပ်သော နို့မှုန့်နဲ့ပြည်ပက တင်သွင်းတဲ့နို့မှုန့်ပမာဏ တူညီသော်လည်း ၂ဝ၁၁ ခုနှစ်မှာ ပြည်ပမှ နို့မှုန့်တင်သွင်းမှုဟာ ၅ဝရာခိုင်နှုန်းကျော်သွားနိုင်ပြီး ပြည်တွင်းနို့မှုန့်မှာ ဈေးကွက်၌ ရာခိုင်နှုန်း ၄ဝ ဝန်းကျင်ရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။          တရုတ်ပြည်တွင်းနို့မှုန့် တစ်ပုံးရဲ့တန်ဖိုးမှာ ယွမ် ၄ဝ သာရှိပြီး ခိုင်မာတဲ့ နို့မှုန့်ဈေးကွက်တစ်ရပ်ရရှိနိုင်ရန်မှာ မသမာသူ စီးပွားရေးလုပ်ငန်းရှင်အချို့က အများပြည်သူနဲ့ ကလေးများရဲ့ကျန်းမာရေးကို ဂရုမစိုက်ဘဲ ကိုယ်ကိုျးမှာ အမြတ်ကြီးစား ခေါင်းပုံဖြတ်လိုတဲ့အတွက် မယ်လမင်းဓာတုဆေးများ ရောစပ်ထုတ်လုပ်မှုကြောင့် ရရှိနေတဲ့ နို့မှုန့်ဈေးကွက် ခိုင်မာစွာရပ်တည် နိုင်ရေး ပြိုလဲပျက်စီးဆုံးရှုံးကာ ပြည်တွင်းဖြစ်နို့မှုန့်ဈေးကွက် ပျောက်ကွယ်သွားရတာဖြစ်တယ်လို့ သုံးသပ်လျက်ရှိပါတယ်။ ဖေကြိုင်၊ ှSource: ယူနန်ရှင်ရှိပေါင်