Main menu

Background

ဒေါ်လာဈေး ကျဆင်းသော်လည်း ရန်ကုန် အိမ်ခြံမြေဈေးပိုမိုမာ၍ အရောင်းအဝယ်ဖြစ်

Fri, 01/28/2011 - 06:28 -- Anonymous (not verified)

 ဒေါ်လာဈေး ကျဆင်းသော်လည်း ရန်ကုန် အိမ်ခြံမြေဈေးပိုမိုမာ၍ အရောင်းအဝယ်ဖြစ်              ဒေါ်လာဈေးကျဆင်းလျက်ရှိသော်လည်း အိမ်ခြံမြေဈေးများ ပိုမိုမာ၍ ဝယ်ရောင်းများ စိတ်ဝင်စားဝယ်ယူကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေအကိုျးဆောင်လုပ်ငန်းများမှ သိရသည်။                ရင်းနှီးမြှပ်နံှမှုပြုလုပ်ရန်အတွက် လုပ်ငန်းရှင်များ စိတ်ဝင်စားမှုတွင် အိမ်ခြံ မြေဈေးကွက်ကို ရွေးချယ်လာကြခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှပ်နံှမှုများ ဝင်ရောက် လာချိန်၌ ယခုပေါက်ဈေးထက် ပိုမိုကောင်းမွန်သော အလားအလာများ ဖြစ်လာ ရန်မျှော်မှန်းကာ ရင်းနှီးမြှုပ်နံှလာကြခြင်းဖြစ်ကြောင်း သိရသည်။                ''အိမ်ခြံမြေသက်တမ်းတစ်လျှောက်မှာ ဒီနှစ်ပေါက်ဈေးဟာ အမြင့်ဆုံးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ၂ဝ၁ဝ တုန်းက ခေါ်ဈေးသက်သက်ပဲမြင့်နေတာ၊ အဲဒီခေါ်ဈေးနဲ့ အရောင်းအဝယ်မဖြစ်ဘူးလို့ထင်တာ၊ အခု အဲဒီဈေးထက် မြင့်တဲ့ ဈေးတွေနဲ့ကို အရောင်းအဝယ်ဖြစ်နေတယ်''ဟု အိမ်ခြံမြေ အကိုျးဆောင် ကုမ္ပဏီမှ မန်နေဂျာတစ်ဦးကပြောသည်။ မြို့တွင်း ခြောက်မြို့နယ်ဧရိယာတွင်း လူကြိုက်များသော မြေနေရာ ဈေးနှုန်းများမှာ တစ်ပေပတ်လည်လျှင် ၁ဝ သိန်းဝန်းကျင် ပေါက်ဈေးရှိနေပြီး ပြည်လမ်းနှင့် ကမ္ဘာ့အေးဘုရားလမ်းတို့တွင် လမ်းအပိုင်းအလိုက် တစ်ပေ ပတ် လည်လျှင် ၂ သိန်းခွဲဈေးမှ ၅ သိန်းအထိ အမြင့်ဆုံးပေါက်ဈေးဖြစ်ကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကိုဖြိုး