Main menu

Background

မန္တလေးမြို့တွင်းမြေ အရောင်းပါး မြို့သစ်မြေကွက်များ အဝယ်လိုက်လာ

Fri, 01/28/2011 - 06:31 -- Anonymous (not verified)

 မန္တလေးမြို့တွင်းမြေ အရောင်းပါး မြို့သစ်မြေကွက်များ အဝယ်လိုက်လာ               မြို့တွင်းမြေများမှာဈေးမြင့်မားခြင်း၊ အရောင်းပါးခြင်းကြောင့် ငွေလိုက်နိုင်သူ အချို့မှာ မြို့တွင်းနှင့်နီးသည့် ဏ၊ တ အကွက်များ အဝယ်လိုက်လာကြောင်းသိရပါတယ်။                 ''မန္တလေးမှာ မြေဈေးက မြို့တွင်း ရော၊ မြို့သစ်ရော တဖြည်းဖြည်း တက်လာတယ်။ မြို့တွင်းမှာ ဈေးမြင့်တော့ ရောင်းတဲ့သူ နည်းသွားတယ်။ လိုအပ် တဲ့သူလောက်ပဲ ရောင်းတာရှိတယ်။ မြို့ထဲရောင်းတဲ့သူက မြို့သစ်မှာ ပြန် ဝယ်နေတဲ့အခါ မြို့ထဲနဲ့နီးတဲ့ ရပ်ကွက် မှာ ပြန်ဝယ်ကြတယ်။ ရဲမွန်တောင်၊ ဏ၊ တ၊ ဗိုလ်ချုပ်ရွာက အကွက်တွေက မြို့ထဲနဲ့ နီးပြီးလူနေသီးသန့်ရပ်ဖြစ်တော့ အဝယ်လိုက်လာတာ။ ဗိုလ်ချုပ်ရွာနဲ့ ရဲမွန်တောင်က အကွက်ကျယ်ပြီး ဈေး အရမ်းမြင့်တဲ့အတွက် အလွှာစုံကမဝယ် နိုင်ဘူး။ဒါကြောင့် ဏ၊ တ၊ က အကွက် တွေကို ပိုပြီးစိတ်ဝင်စားလာတယ်'' ဟု မန္တလေး အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။                ဏ၊ တ အကွက်များမှာ ယခုတစ် ပတ် အတွင်းဈေးအပြောင်းအလဲ ရှိလာ ပါတယ်။ ၆၃ လမ်း၊ ၆၄ လမ်းမပေါ် တွင် ပေ ၄ဝ x ၆ဝ တစ်ကွက်ကို ၂ဝ၁ဝ နှစ်လယ်ပိုင်းက သိန်း ၁၅ဝဝ၊ ၁၆ဝဝ ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်ဆန်းတွင် သိန်း ၂ဝဝဝ ဝန်းကျင်ဖြစ်လာပါတယ်။ ရှေ့ နောက်ကြားကွက်မှာ သိန်း ၁၆ဝဝ ဝန်းကျင်ရှိပြီး ၆၂ လမ်းကျောကပ်အကွက် များမှာ သိန်း ၁၂ဝဝ ဝန်းကျင်၊ တောင်၊ မြောက်လမ်းကြားက အကွက်များမှာ သိန်း ၈၅ဝ၊ သိန်း ၉ဝဝ ကျပ်ဝန်းကျင် ဟုန်းပန်းလမ်းပေါ် သိန်း ၂ဝဝဝ ဝန်း ကျင ် ဈေးရကြောင်း သိရပါတယ။် ဇူူးးဇူး