Main menu

Background

မန္တလေးမှာ လေလံရှိ၍ ယခုတစ်ပတ် ကားအရောင်းအဝယ်အေး

Fri, 01/28/2011 - 06:34 -- Anonymous (not verified)

 မန္တလေးမှာ လေလံရှိ၍ ယခုတစ်ပတ် ကားအရောင်းအဝယ်အေး           နှစ်ဆန်းပိုင်းတွင် ကားအရောင်းအဝယ် အနည်းငယ်ရှိခဲ့ပြီး၊ ယခုတစ်ပတ်တွင် လေလံပွဲရှိ၍ အရောင်းအဝယ် အေးလျက်ရှိကြောင်း မန္တလေးကားဈေးကွက် အတွင်းမှ သိရပါတယ်။           'ပြည်တွင်းမှာ ကားကုမ္ပဏီတွေ ဝင်လာနိုင်တဲ့အတွက်လည်း အရောင်း အဝယ် ပြန်အေးလာတယ်။ မန္တလေးမှာ တာတာကားကုမ္ပဏီ ဝင်လာမယ်ကြားလို့ ဝယ်ရောင်းသမားတွေက စောင့်ကြည့်နေတဲ့သဘောပေါ့။ ဒီတစ်ပတ်မှာ ကားလေ လံပွဲလည်းရှိတော့ အဲဒီဘက်လည်း စိတ်ဝင်စားနေကြလို့ ဈေးကွက်အေးနေတယ်။ ကားတွေသာဝင်လာရင် ဈေးကဒီထက်ကျနိုင်တယ်။ ဒါကြောင့်ဝယ်မယ့်သူကလည်း စောင့်ကြည့်အနေအထားမှာရှိတယ်' လို့ ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးဝင်းမြင့်ဦး က ပြောပါတယ်။            ကားဈေးကွက်အတွင်းတွင် လီမိတက်၊ စူပါဆလွန်း၊ မှန်ခုံး ဗင်ကားများမှာ လက်ရှိဈေးဖြင့် ဈေးတန်းပြီး အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ကားဈေး နှုန်းမှာ ယခင်လအတိုင်း အပြောင်းအလဲမရှိဘဲ ပုံမှန်ဈေးရှိပါတယ်။ လီမိတက် ကားသန့် ဘ၊ လ၊ သ၊ အ ၈၈ က သိန်း ၂၁ဝ ကျပ်ဝန်းကျင်၊ စူပါဆလွန်းကားသန့် လ၊ သ၊ အ ၈၆ က သိန်း ၁၅ဝ ကျပ်ဝန်းကျင်၊ အောက်ဆွဲဗင် ၈၆ က ကားသန့် လ၊ သ၊အ (၁.၃) အင်ဂျင် သိန်း ၁၇ဝ-၁၈ဝ ကျပ် ဝန်းကျင်၊ (၁.၅) အင်ဂျင် သိန်း ၂ဝဝ၊ ၂၁ဝ ကျပ်ဝန်းကျင်၊ ရှေ့ဆွဲဗင် ၁က၊ ၂က ၈၈-၈၉ က သိန်း ၂၁ဝ- ၂၂ဝ ကျပ်ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ကားသန့် ၄ဂ၊ ၅ဂ (၂ဝဝ၁-၂ဝဝ၂) က သိန်း ၄၈ဝ-၅ဝဝ ကျပ်ဝန်းကျင်ရှိကြောင်း သိရပါတယ်။ ဇူးဇူး