Main menu

Background

၂ဝ၁၁ နှစ်စပိုင်း ရန်ကုန်အိမ်ခြံမြေ အရောင်းနှင့်အငှား မျှတစွာဖြစ်ပေါ်

Fri, 01/28/2011 - 06:36 -- Anonymous (not verified)

 ၂ဝ၁၁ နှစ်စပိုင်း ရန်ကုန်အိမ်ခြံမြေ အရောင်းနှင့်အငှား မျှတစွာဖြစ်ပေါ်             ၂ဝ၁၁ ခုနှစ် နှစ်စပိုင်းတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အရောင်းနှင့်အငှား မျှတသည့် အနေ အထားတွင်ရှိနေ ကြောင်း ဈေးကွက်ကျွမ်းကျင်သူများမှ သုံးသပ်ပြောကြားကြသည်။               ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ အစပိုင်းတွင် အငှားသာများခဲ့ပြီး လလယ်ပိုင်းတွင် အရောင်းအဝယ်များ တက်လာကြောင်း သိရသည်။ ''၁ဝ ရက်နောက်ပိုင်း အရောင်းအဝယ်ပြန်ဖြစ်လာတယ်၊ ဈေးကွက်အနေနဲ့ ကြည့်ရင်တော့ အခြေအနေ ကောင်းတဲ့ သဘောပါ''ဟု ယူနတီမှ ကိုဇော်ဇော်က ပြောကြားသည်။ တိုက်ခန်း ကွန်ဒိုအငှားများအနေဖြင့် တစ်လငွေကျပ် ရှစ်သိန်းမှ ဆယ်သိန်းခွဲထိ ဖြစ်ခဲ့ပြီး အရောင်းအဝယ်အဖြစ် ကျပ်သိန်း သုံးထောင်ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်ကြကြောင်း၊ မြို့တွင်း လမ်းမကြီးများဖြစ်သည့် အနော်ရထာ၊ မဟာဗန္ဓုလ စသည့် လမ်းတစ်လျှောက်နှင့် ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်-ပြည်လမ်းတို့ တွင် အရောင်းမရှိသည့်အပြင် ခေါ်ဈေးနှုန်းများသည် မြင့်တက်လျက်ရှိကြကြောင်း ထိုသို့ ခေါ်ဈေးနှုန်းများသည် လွန်ခဲ့သည့် ၅ နှစ်ထက် အမြင့်ဆုံးအနေအထားတွင်ရှိကြပြီး ပြန်လည်ကျဆင်းရန် လုံးဝမဖြစ်နိုင်သည့် အနေအထားတွင်ရှိကြကြောင်း သိရသည်။              ထိုသို့ အရောင်းအဝယ်တက်လာခြင်းသည် အိမ်ခြံမြေဈေးကွက်အတွင်းသို့ အခြားဈေးကွက်များမှ ဝင်ရောက်မှုများအပြင် ကျောက်စိမ်းလုပ်ငန်းရှင်များလည်း ဝင်ရောက်မှုကြောင့်ဖြစ်ကြောင်း သိရသည်။ ''ကျောက်မျက်ပွဲ ပြီးတဲ့နောက်ပိုင်း အိမ်ခြံမြေ အဝယ်လိုက်လာတယ်၊ အိမ်ခြံမြေဆိုတာက ရှုံးတယ်ဆိုတာမရှိတဲ့ သေချာတဲ့ ရင်းနှီးမြှုပ်နံှမှုတစ်ခုပါ''ဟု ကျောက်တံတား မြို့နယ်မှ အကျိုးဆောင်တစ်ဦးက ပြောကြားသည်။ လက်ရှိတွင် အိမ်ခြံမြေဈေးကွက်မှလွဲ၍ အခြားဈေးကွက်များဖြစ်သည့် ကားဈေးကွက်၊ ရွှေဈေးကွက်တို့တွင် တည်ငြိမ်မှုမရှိဘဲ အကျဘက်သို့ ဦးတည်နေသဖြင့် အိမ်ခြံမြေသို့ ရင်းနှီးမြှုပ်နံှလိုသူ များပြားလာရခြင်းဖြစ်ကြောင်း၊ ကားဈေးကွက်တွင် မော်ဒယ်သစ်ကားများမှလွဲ၍ ကျန်ကားများ၏ ဈေးနှုန်းများသည် ထက်ဝက် ကျော်ကျဆင်းလျက်ရှိပြီး ရွှေဈေးနှုန်းမှာလည်း တည်ငြိမ်မှုမရှိကြောင်း သိရသည်။ ကိုဖြိုး