Main menu

Background

ရန်ကုန်မှာ မော်တော်ယာဉ်ပြပွဲများ စိပ်လာသလို အရောင်းအဝယ်လည်းအေးလာ

Fri, 01/28/2011 - 06:39 -- Anonymous (not verified)

 ရန်ကုန်မှာ မော်တော်ယာဉ်ပြပွဲများ စိပ်လာသလို အရောင်းအဝယ်လည်းအေးလာ            ရန်ကုန်မြို့ကားဈေးကွက်မှာ ယခင် ရက်သတ္တပတ်က ရုံးပိတ်ရက်၊ကျောင်း ပိတ်ရက်များအပြီး ကားဈေးတန်းများ ၁ဝ သိန်းမှ သိန်း ၂ဝ ခန့်ထိပြန်မာခဲ့ပြီး နောက်ပိုင်းတွင် အရောင်းအဝယ်ပြန် အေးခဲ့ပြီး လက်ရှိဈေးတန်းများနှင့်ပင် တန့်နေကြောင်း သိရသည်။ ယခုတလောအတွင်း ကားပြပွဲများ စိပ်လာသလို လူစိတ်ဝင်စားမှုရှိ သင့်သလောက်ရှိသော်လည်း ဒီထက် ပို၍ဈေးသက်သာလာဦးမလားဆိုသည့် အတွေးနှင့် အရောင်းအဝယ် ထင်သလောက်မဖြစ်ကြဟုလည်း သိရသည်။           ပြီးခဲ့သည့်ရက်သတ္တပတ်က စက်မှု ဇုန်ထုတ်ကားကုမ္ပဏီတစ်ခုက တရုတ် နိုင်ငံနှင့် ဖက်စပ်ထုတ်လုပ်ထားသည့် တန်ဖိုးနည်း လူ ငါးဦးဆံ့ လူစီး ဝက်ဂွန် ယာဉ်ငယ်များအား ကျပ်သိန်း ၁ဝဝ နှင့် ၁၅ဝ ကြား ဈေးတန်းတစ်ခုဖြင့် ရောင်း ချပေးခဲ့ပြီး စာရင်းသွင်း ကြိုတင်ငွေသွင်း ကာ အချိန် သုံးလစောင့်ဆိုင်းရမည် ဖြစ်ကြောင်း ပြပွဲမှပြန်လာသူ ယာဉ် ဝယ်/ ရောင်းတစ်ဦးမှ ပြောသည်။             ယခုလ တတိယပတ်တွင်လည်း ဂျပန် မစ်ဆူဘီရှီကုမ္ပဏီနှင့် ဖက်စပ် ဆောင်ရွက်နေသော မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းကြီးတစ်ခုက တပ်မတော်ခန်းမတွင် ၎င်းတို့ထုတ်လုပ် ထားသော အဆင့်မြင့်ယာဉ်များအား သက်သာခံစားခွင့်နှင့် ဆွဲဆောင်မှုများ ပေးကာ ပြသရောင်းချပေးနေသည်ဟု သိရသဖြင့် ကားသစ်စိတ်ဝင်စားသူ များ လာရောက်နိုင်သည့်အတွက် အရောင်းအဝယ်အခြေအနေ အသင့် အတင့် ရှိလာနိုင်ကြောင်း သုံးသပ်ကြ သည်။             နောက်ထပ်လည်း ကားပြပွဲများ ရှိလာနိုင်သလို ဂျပန်၊ ကိုရီးယားစသည့် အဆင့်မီကားများထုတ်လုပ်သော နိုင်ငံ များမှ နာမည်ကြီး ကားကုမ္ပဏီများ မြန်မာနိုင်ငံသို့ မော်တော်ယာဉ်လုပ်ငန်း ရင်းနှီးမြှုပ်နံှရန် လာရောက်ဆွေး နွေးနေကြကြောင်း သိရှိရသဖြင့် လာ မည့်အနာဂတ်တွင် လူအများယခုထက် ပို၍ အဆင့်မီကားများ သုံးစွဲလာနိုင် မည်ဟု ယူဆရသော်လည်း အဆင့်မြင့် ကားများသည် အပေါ်ဈေးတန်း တစ်ရပ်ဖြစ်နေပြီး လက်ရှိသုံးစွဲပြီး ယာဉ် ဟောင်းများမှာလည်း သူ့ဈေးတန်းနှင့် သူ ရှိနေဦးမည်ဖြစ်ကြောင်း အပေါ် ဝိုင်းမှ ယာဉ်ဝါရင့်အကျိုးဆောင် ကိုမြင့် ကျော်မှ သူ့အမြင်ကိုပြောပြသွားသည်။ SN