Main menu

Background

ချင်းအစိုဈေးရလို့ ချင်းအခြောက်မလုပ်သေးတဲ့ ရှမ်းချင်းဈေးကွက်

Fri, 01/28/2011 - 06:53 -- Anonymous (not verified)

ချင်းအစိုဈေးရလို့ ချင်းအခြောက်မလုပ်သေးတဲ့ ရှမ်းချင်းဈေးကွက်                 ဒီတစ်ပတ် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးကငြိမ်နေပါတယ်။ နမ့်စန်မြို့နယ်ကထွက်တဲ့ ချင်းစိုက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ ပစ္စည်းမရှိသေးတဲ့အတွက် ဈေးမဖွင့်သေးဘူးလို့ သိရပါတယ်။ အစပိုင်းမှာ ချင်းစိုဈေးကောင်းနေတော့ ချင်းစိုအဖြစ်နဲ့သာရောင်းကြလို့ ချင်းခြောက် တွေ သိပ်မလုပ်ဖြစ်ကြပါဘူး။ တန်ခူးပြီးမှသာ ချင်းခြောက်တွေက ဈေးကွက်ကို လှိုင်လှိုင်ဝင်လာမှာဖြစ်ပါတယ်။ လောလောဆယ် ချင်းစိုတွေသာ ဈေးကွက်ကိုဝင်နေ ပြီး အဲဒီအနီးပတ်ဝန်းကျင်ရွာတွေမှ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၅ဝဝဝ ခန့် ဝင်နေပါတယ်။ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ မန္တလေးမြို့တွေကို တိုက်ရိုက်တင်ပို့ကြတယ်လို့ သိရပါတယ်။ ဟိုပုံးချင်းခြောက်ဈေးကတော့ တစ်ပိဿာ ကျပ် ၁၈ဝဝ - ၂ဝဝဝ ဈေးရှိပါတယ်။ ဟိုပုံးချင်းကတော့ ရာသီဥတု ဒဏ်ကြောင့် အခက်ကြီး၊ အခက်လှတွေ သိပ်မထွက်ပါဘူး၊ ဝယ်လက်တွေကလည်း ချင်းတက်တွေအစား ချင်းကိုဒါးလှီး (ဆလိုက်ပြား)အဖြစ်သာလိုချင်ကြတယ်လို့ သိရပါတယ်။ ဟိုပုံးချင်း (စို)ဈေးက တစ်ပိဿာ ၄ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာ ချင်း (စို)တစ်ပိဿာ ၃၅ဝ ကျပ်မှ ၆ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                                                                                                                   ဧဧခိုင်