Main menu

Background

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့နည်း

Fri, 01/28/2011 - 07:08 -- Anonymous (not verified)

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့နည်း             ဇန်နဝါရီလ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကနေရော်ဘာအဆင့်စုံ ၁၂၂၂ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၈၄ သန်းဖိုးကို တစ်ဖက် နိုင်ငံကို တင်ပို့ခဲ့ပါတယ်။တင်ပို့မှုတွေကတော့  RSS-1  ၁၄၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၅၃၉ သန်း၊RSS-3 ၈၅၁ တန် တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၂၁ သန်း၊ RSS- 5 တန် ၃ဝ၊ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၇ သန်း၊MSR(20)  တန် ၉ဝ၊ ကန်ဒေါ်လာ ဝ ဒသမ ၃၅ သန်း၊MSR(50) ၉၂ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၄၃သန်းနဲ့ ရော်ဘာဖြတ်စ ၁ဝ တန် ကန်ဒေါ်လာ ဝ ဒသမ ဝ၃၁ သန်း အသီးသီးဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန်ချိန် ၈၅ဝ ကျော်တင်ပို့ခဲ့တာကြောင့် တန်ချိန် ၃ဝဝ ကျော် ယခုအပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်ဈေးကွက်မှ ရော်ဘာဝယ်ဈေးမှာ RSS-3 တစ်တန်ကို ယွမ် ၃ဝဝဝဝ နဲ့RSS-5 တစ်တန်ကို ယွမ် ၂၉ဝဝဝ အထိ ဈေးနှုန်းတိုးမြှင့် ဝယ်ယူလာကြလို့ တင်ပို့မှုပိုမိုလာကြောင်း လည်း တွေ့ရှိရပါတယ်။ မိမိဘက်မြေပြင်ပေါက်ဈေးများပြောင်းလဲမှုမရှိပေမဲ့ တစ်ဖက်နိုင်ငံဈေးနှုန်းတွေကတော့ ဒေါ်လာ ၁၆ဝ ကျော်မြင့်တက်ခဲ့ပါတယ်။မိမိဖက်နဲ့တစ်ဖက်နိုင်ငံဈေးနှုန်းတွေကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။                                                      မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု            ယခင်          ပြောင်းလဲမှု         %        ယခု         ယခင်          ပြောင်းလဲမှု            %RSS-5      ၃၇၂၂၅၁ဝ    ၃၇၂၂၅၁ဝ                                -      ၄၃၉၈         ၄၂၂၉             ၁၆၉                 ၄RSS-3      ၃၉၅၅၃၁ဝ     ၃၉၅၅၃၁ဝ                               -       ၄၅၄၉         ၄၃၈ဝ            ၁၆၉                 ၄MIRT(DOT)