Main menu

Background

မြန်မာနိုင်ငံ၌ရော်ဘာစိုက်ဧက ရာခိုင်နှုန်း ၄၅ဝ ကျော် တိုးတက်လျက်ရှိ

Fri, 01/28/2011 - 07:12 -- Anonymous (not verified)

မြန်မာနိုင်ငံ၌ရော်ဘာစိုက်ဧက ရာခိုင်နှုန်း ၄၅ဝ ကျော် တိုးတက်လျက်ရှိ             မြန်မာနိုင်ငံမွန်ပြည်နယ်မှာ ၂၂ နှစ်အတွင်း ရော်ဘာစိုက်ဧရိယာ ၄၅ဝ ရာခိုင်နှုန်းခန့် တိုးတက်လာပြီး ရော်ဘာရဲ့ ရှေ့အလားအလာလည်း ထွန်းလင်းတောက်ပလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ ရော်ဘာစိုက်ဧက ဟာ ထိုင်းနိုင်ငံ စိုက်ဧကစုစုပေါင်းရဲ့ ၃၇ ရာခိုင်နှုန်းရှိပြီး ၁၉၈၈ ခုနှစ်က ၇၆၆ဝ၇ ဧကကနေ ယခုအခါ ၄၂၃၆၉၂ ဧက အထိ တိုးတက် လာခဲ့ပါတယ်။ ဒါ့အပြင် ရော်ဘာကို ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာလည်း တိုးခဲျ့စိုက်ပျိုးနေတယ်လို့ သိရပါတယ်။ဒီဒေသတွေမှာ အစိုးရအပြင် ပုဂ္ဂလိကစိုက်ပိုျးရေးတွေကပါ စိုက်ပျိုးကြပြီး မက်စ်မြန်မာကုမ္ပဏီက ဧက ၃ဝဝဝ စိုက်ပျိုးနေပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်နောက်ဆုံး နှစ်လမှာ မြန်မာကနေ တရုတ်တစ်ခုထဲကို တင်ပို့ခဲ့တဲ့ရော်ဘာတန်ချိန်၂၄ဝဝ ကျော်ရှိပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၉ သန်းရရှိခဲ့ပါတယ်။မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့ဟာလဲ မြန်မာရဲ့ဈေးကွက်တွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကိုတော့ ပင်လယ်ရေကြောင်းကနေသွားနေတာ ဖြစ်ပါတယ်။ Source: Commodity online,KZW