Main menu

Background

ရောင်းလိုအားပြတ်လတ်၍ ရော်ဘာဈေးနှုန်း ထပ်မံတက်

Fri, 01/28/2011 - 07:16 -- Anonymous (not verified)

ရောင်းလိုအားပြတ်လတ်၍ ရော်ဘာဈေးနှုန်း ထပ်မံတက်                 ရော်ဘာဈေးနှုန်းတွေအဆမတန်တက်ပြီး ထိပ်တန်းတင်ပို့သူဖြစ်တဲ့ထိုင်းနိုင်ငံမှာ အထွက်နှုန်းကျတဲ့ ရာသီဖြစ်တာ ကြောင့် ရောင်းလိုအားပြတ်လတ်မှု ဖြစ်နေပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ ဇွန်လအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၅၅၄၉ ဒေါ်လာရှိကြောင်း သိရပါတယ်။ရော်ဘာဟာယခုနှစ်မှာလည်း မိုးရွာသွန်းမှုကြောင့် ရောင်းလိုအားကျတာရယ်၊ အထွက် နှုန်း ကျတာရယ်နဲ့ ကားရောင်းချရနှုန်း တက်လာတာရယ်ကြောင့် အခြားကုန်ပစ္စည်းတွေထက်ပိုပြီး အထိအခိုက် များနိုင်ပါ တယ်။ရော်ဘာဈေးနှုန်းဟာ ပထမနှစ်ဝက်မှာ တစ်ကီလိုကို ၆ ဒေါ်လာကျော်နိုင်ကြောင်း သုတေသီ ၄ ဦးပါတဲ့ သုတေသန အဖွဲ့က ကွင်းဆင်းလေ့လာပြီး ပြောကြားခဲ့ပါတယ်။တရုတ်နဲ့ထိုင်းနိုင်ငံများရှိ ကားထုတ်လုပ်ရေးတွေ တိုးမြှင့်နိုင်တာ ကြောင့် ရောင်းလိုအား မလုံမလောက်ဖြစ်နိုင်ကြောင်း ဖျူးချားအဂရီထရိတ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။တရုတ်နဲ့ အိန္ဒိယ ကားရောင်းချနှုန်းတွေတက်လာတာကြောင့် တာယာထုတ်လုပ်ရေးတွေရဲ့ဝယ်လိုအားလဲ တက်လာကာ ရော်ဘာဈေးက ၁ဝ ရာခိုင်နှုန်းထပ်မံတက်ဖွယ်ရှိကြောင်း သိရပါတယ်။လွန်ခဲ့တဲ့နှစ်က မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရဲ့ အထွက်နှုန်းက ဝယ်လိုအားထက်ရောင်းလိုအားကနှေးကွေးနေပြီး လာမယ့်လကစလို့အထွက်နှုန်းကျဦးမှာ ဖြစ်ပါတယ်။ဈေးကွက် ထဲမှာ နေ့စဉ်ဈေးတက်နေပေမဲ့ တရုတ်၊ ဂျပန်နဲ့ အမေရိကန်ဝယ်သူတွေ အမြဲမပြတ်ရှိနေကြောင်း စင်္ကာပူ မာရုဘီနီကုမ္ပဏီမှ ကုန်သည်တစ်ဦးကပြောကြားပါတယ်။ထိုင်းရဲ့ လက်ငင်းဈေးနှုန်းက တစ်ကီလို ကို ၁၆၆ ဘတ် (၅.၄၆ ဒေါ်လာ)ကို ရောက်ရှိနေ ကြောင်း ထိုင်းရော်ဘာ သုတေသနဌာနမှ ပြောကြားပါတယ်။ရော်ဘာအကြီးဆုံးသုံးစွဲသူ တရုတ်က တရုတ်နှစ်ကူး မတိုင်မီ သိုလှောင်ဖို့အတွက် အဆက်မပြတ်ဝယ်ယူ နေကြောင်း တိုကိုျအခြေစိုက်ယူတာက ရှိုးရှိကုမ္ပဏီမှ အထွေထွေမန်နေဂျာက ပြောကြားပါတယ်။တရုတ်ခရီးသည် တင်ကားရောင်းချနှုန်းက ၂ဝ၁ဝ မှ ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့အကြီးဆုံးကား ဈေးကွက်ကို ဆက်လက်အထောက်အပံ့ပေးပါတယ်။နှစ်စဉ်ကားရောင်းချ ရနှုန်းက လွန်ခဲ့တဲ့ ၁ဝ စုနှစ်ထက် ၁ဝ ဆခန့်တိုးတက်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ ခရီးသည်တင် မော်တော်ကား ရောင်းချနှုန်းက ယခုနှစ်မှာ ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အိန္ဒိယမော်တော်ကားထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှုကတော့ အရွက်ေြွကတဲ့ရာသီဖြစ်တာကြောင့် ဖေဖော်ဝါရီလကုန်မှ မေလအထိ ၄၅ ရာခိုင်နှုန်း မှ ၆ဝ ရာခိုင်နှုန်းအထိ ထုတ်လုပ်မှု ကျဆင်းနိုင်ကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း ANRPC မှ ပြောကြားခဲ့ပါတယ်။ တစ်ချိန်ထဲမှာ အင်ဒိုနီးရှား မြောက်ပိုင်းနဲ့မလေးရှားတို့မှာလည်း အထွက်နှုန်းတွေကျမှာ ဖြစ်ကြောင်း ANRPC ကပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ မေလအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၅၈၅၄ ဒေါ်လာရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: bloomberg.com,KZW