Main menu

Background

နယ်စပ်ပြောင်း တင်ပို့မှု အားကောင်းဆဲ

Fri, 01/28/2011 - 07:20 -- Anonymous (not verified)

နယ်စပ်ပြောင်း တင်ပို့မှု အားကောင်းဆဲ           မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းတို့မှ ဇန်နဝါရီလ ၁၂ မှ ၁၈ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့ ၁၂၁၇၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁ဝ၉ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေး အနိမ့်ဈေးဖြင့် ဆက်တိုက်ရှိနေရာကနေ အနည်းငယ်မြင့်တက် လာကြောင်း တွေ့ရပါတယ်။ တရုတ်ဘက်မှဝယ်လိုအားရှိပြီး ၅ဝ ကီလိုတစ်အိတ်ကို (၉ဝ ဒသမ ၅) ယွမ်၊ တစ်တန်လျှင် (၁၈ဝဝ) ယွမ်အထိ ဈေးပေးဝယ်ယူနေကြကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့ မြေပြင်ပေါက်ဈေးတွေကတော့ မိမိဖက်မှာ တစ်တန်လျှင် ၁၈ဝဝဝ ကျပ်ခန့်နဲ့ တစ်ဖက်နိုင်ငံဈေး တစ်တန်ကို ၉ ဒေါ်လာခန့် ဈေးပိုမိုရခဲ့ကြောင်း တွေ့ရှိရပါတယ်။                                                  မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု          ယခင်       ပြောင်းလဲမှု           %      ယခု       ယခင်       ပြောင်းလဲမှု       %ပြောင်းဖူးစေ့  ၂၃၅၉၄၂    ၂၂၁၅၂၉        ၁၈ဝ၁၃            ၈       ၂၈၂       ၂၇၃             ၉               ၃MIRT(DOT)