Main menu

Background

ပါကစ္စတန်သကြားစက်လုပ်ငန်းရှင်များ အိန္ဒိယက သကြားတင်သွင်းမှုကို ဆန့်ကျင်

Fri, 01/28/2011 - 07:25 -- Anonymous (not verified)

ပါကစ္စတန်သကြားစက်လုပ်ငန်းရှင်များ အိန္ဒိယက သကြားတင်သွင်းမှုကို ဆန့်ကျင်             ပါကစ္စတန်သကြားစက်လုပ်ငန်းရှင်တွေဟာ အိန္ဒိယရဲ့ ပိုလံျှသကြားတွေ စုပုံကာရောက်ရှိလာခြင်းဖြင့် ပြည်တွင်းထုတ်လုပ်သူတွေကို ထိခိုက်လာနိုင်တဲ့ အခြေအနေကို စိုးရိမ်ပြီး အိန္ဒိယက သကြားတင်သွင်းမှုကို ဆန့်ကျင်ကြတယ်လို့ အရာရှိ တစ်ဦးမှ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ပြောကြားပါတယ်။ ပါကစ္စတန် အစိုးရဟာ သကြားဖြူတင်သွင်းခွန် တင်းကျပ်ခြင်းမရှိတဲ့အပြင် စက်တင်ဘာလ အတွင်းမှာ သကြားကြမ်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်းကိုလည်း ဖယ်ရှားခဲ့ပါတယ်။               ၂ဝ၁ဝ-၂ဝ၁၁ သီးနံှရာသီအတွင်း သြဂုတ်လရေလွှမ်းမိုးမှုကြောင့် သကြားတန်ချိန် ၃ ဒသမ ၂ သန်းကို ထုတ်လုပ်မှုလျော့ကျခဲ့ပြီးနောက် ပြည်တွင်း လိုအပ်ချက်ဖြည့်ဆည်းဖို့ ပုဂ္ဂလိကသကြားလုပ်ငန်းရှင်များ သကြားတင်သွင်းမှုကို အားပေးတဲ့အနေနဲ့ အခွန်များဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ ထုတ်လုပ်မှု အရာရှိတွေက ယခုနှစ်မှာ တန်ချိန် ၃ ဒသမ ၇ သန်းနဲ့ ၃ ဒသမ ၈ သန်းအတွင်း ထွက်ရှိနိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။                တင်သွင်းထားတဲ့သကြားလက်ကျန်ဟာ အကြမ်းဖျင်းအားဖြင့် တန်ချိန် ၄ သိန်းခန့် ကျန်ရှိသေးလို့ ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့ လုံလောက်နေပြီလို့ သကြားစက်လုပ်ငန်းရှင်တွေက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံဟာ တစ်နှစ်ကို သကြားတန်ချိန် ၄ ဒသမ ၂ သန်းခန့်စားသုံးတယ်လို့ သိရပါတယ်။ လက်ရှိ လက်ကျန် ပမာဏနဲ့ ပြည်တွင်းလိုအပ်ချက်ပြည့်မီမှာဖြစ်လို့ သကြားတင်သွင်းဖို့ မလိုအပ်ပါဘူးလို့ ပါကစ္စတန် သကြားစက်လုပ်ငန်းရှင်များ အသင်း (PSMA)ဥက္ကဌ  Javed Kayani က ပြောကြားပါတယ်။                အောက်တိုဘာ လ ၁ ရက်မှ ဇန်နဝါရီလ ၃၁ ရက်အထိ အိန္ဒိယ သကြားရာသီအတွင်း အိန္ဒိယသကြား ထွက်ရှိမှုဟာ ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၁ ဒသမ ၂ သန်းထွက်ရှိနိုင်လို့ ပြည်ပတင်ပို့မှုလည်း တိုးတက်နိုင်တယ်လို့ အိန္ဒိိယ သကြားအသင်းကခန့်မှန်းထားပါတယ်။ သကြားစက်လုပ်ငန်းရှင်တွေက သကြား တင်သွင်းမယ့် အစီအစဉ်ကို မကျေနပ်ကြပေမဲ့ အစိုးရအနေနဲ့တော့ ပြည်တွင်း ပြတ်လပ်မှုမရှိအောင် အရန်သိုလှောင်မှု လုံလုံလောက်လောက်ထားရှိဖို့ ပုဂ္ဂလိက ကဏ္ဍကို သကြားတင်သွင်းစေလိုပါတယ်။ ပါကစ္စတန်နိုင်ငံဟာ ၂ဝဝ၉- ၂ဝ၁ဝ သီးနံှရာသီအတွင်း အထွက်တန်ချိန် ၃ ဒသမ ၂ သန်းနီးပါးကို လျော့ကျခဲ့တာကြောင့် မနှစ်က သကြားတန်ချိန် ၁ ဒသမ ၂ သန်းခန့် ဝယ်ယူခဲ့ရတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: Retuers