Main menu

Background

ဘုရင့်နောင်မှာမတ်ပဲ (RC)နဲ့ ပဲစင်းငုံနီဈေးဆက်စွာ

Fri, 01/28/2011 - 08:24 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်         ရေတွက်ပုံ          (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)                    ပြောင်းလဲမှု                                                 ယခင်      ယခု          ယခင်          ယခု ၁ မတ်ပဲ(RC)             ၁ တန်           ၇ဝ၃ဝဝဝ-၇ဝ၈ဝဝဝ          -            -၂ မတ်ပဲ(SQRC)         ၁ တန်           ၈၁ဝဝဝဝ-၈၃၅ဝဝဝ          -            -၃ မတ်ပဲ(ကုန်ကြမ်း)     ၁ ပိဿာ                 -                       ၁၁၈၅-၁၁၉ဝ၄ ကုလားပဲဖြူလုံးကြီး    ၁ပိဿာ                 -                       ၁၂ဝဝ-၁၂ဝဝ၅ ပဲစင်းငုံနီ(သစ်)(RC)  ၁တန်                    -                    ၆၈၅ဝဝဝ-၇၂ဝဝဝဝဘုရင့်နောင်မှာမတ်ပဲ (RC)နဲ့ ပဲစင်းငုံနီဈေးဆက်စွာ                 ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) ကဈေးဆက်စွာနေပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ (RC)ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကွက်အခြေအနေ ကိုကြည့်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိနေတာကြောင့် ၁၇-၁-၂ဝ၁၁ နေ့မှာ မတ်ပဲ(RC)တစ်တန်ကို ၆၉၅ဝဝဝ ကျပ်ရှိရာက ၁၈-၁-၂ဝ၁၁ နေ့မှာ ၇၁၁ဝဝဝ ကျပ်သို့ဈေးစွာခဲ့ပြီး ၁၉-၁-၂ဝ၁၁ နေ့မှာ ၆၉၈ဝဝဝ ကျပ်သို့ဈေးပြန်ဆင်းခဲ့ကာ ၂ဝ-၁-၂ဝ၁၁ နေ့မှာတော့ ၇ဝ၈ဝဝဝ ကျပ်သို့ဈေးမြင့်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ် ပတ်အတွင်း တန် ၂၈၇၅ ခန့်ရှိခဲ့ပြီး ယခင်အပတ်နဲ့စာရင် မတ်ပဲ (RC) ကတစ်တန်ကို ၅ဝဝဝ ကျပ်ခန့်ဈေးမြင့်နေသေးတယ်လို့ ပဲကုန် သည်တစ်ဦးကဆိုပါတယ်။ ပဲစင်းငုံနီ (RC)ကိုExport ဝယ်လက် တွေအပြင် မြို့တွင်းလှောင်လက်ကုန်သည်အချို့ကပါ ဈေးပေးအဝယ် ရှိသလို ဝယ်အားပါသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့့်် လာပြီး တစ်တန်ကို အနိမ့်ဆုံး ၆၈၅ဝဝဝ ကျပ် အမြင့်ဆုံး ၇၂ဝဝဝဝ ကျပ်အတွင်း တန် ၁၄၉၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့သိရပါတယ်။ဈေးကွက်မှာထူးခြားတာက ပဲစင်းငုံနီပါ။ပဲစင်းငုံနီက ဈေးကွက်အသီးသီးသို့ အဝင်လှိုင်နေသလို Export ဝယ် လက်နဲ့မြို့ခံလှောင်လက်တွေကလည်း ဈေးကိုအမြင့်ဆုံးပေး ဝယ်တာကြောင့် တောင်သူမှ Export  အဆုံးအကျိုးအမြတ် အထိုက်အလျောက်စီ ရနေကြတယ်လို့ပဲ ကနု်သည်များက ဆိုပါတယ်။