Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်

Fri, 01/28/2011 - 09:08 -- Anonymous (not verified)

ပြည်ကုန်စည်ဒိုင် စဉ် အမျိုးအမည်               ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)            ပြောင်းလဲမှု                                                   ယခင်အပတ်            ယခုအပတ်၁ မတ်ပဲ                          ၁ ပိဿာ        ၁ဝ၇၅                ၁၁၅ဝ၂ ပဲတီစိမ်း                       ၁ ပိဿာ        ၁၃၂၅                ၁၄ဝဝ၃ ကုလားပဲ                      ၁ ပိဿာ        ၁၃၂၅                ၁၃၂၅၄ ပဲစင်းငုံနီ(သစ်)              ၁ ပိဿာ         ၁ဝ၅ဝ                ၁ဝ၉ဝပြည်ဈေးကွက်မှာ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်               မတ်ပဲ(ကုန်ကြမ်း)ကို မြို့ခံခွဲစက်သမားတွေနဲ့ ရန်ကုန်ဝယ်လက် ကအရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိတာကြောင့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၁၁၅ဝ ကျပ် (တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၄ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့သိရပါတယ်။ ပဲတီစိမ်းကို ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးငြိမ်နေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၄ဝဝ ကျပ်(တစ် တန်ကို ၈၅၇၃၄၆ ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၇ဝဝ ခန့်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။ပဲစင်းငုံနီက ဈေးကွက်သို့အဝင်လှိုင်နေသလို ရန်ကုန်ဝယ်လက်ကလည်း ဝယ်အားသွက်နေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၉ဝ ကျပ် (တစ်တန်ကို ၆၆၇၅ဝ၅ ကျပ်)နဲ့ တစ်ပတ်အတွင်းအိတ် ၁၆ဝဝ ခန့် အဝယ်ရှိခဲ့တယ်လို့ မြို့ခံကုန်သည်များကဆိုပါတယ်။