Main menu

Background

မြင်းခြံမှာ ပဲစင်းငုံနီနဲ့ ထောပတ်ပဲ ပုံမှန်အရောင်းအဝယ်ဖြစ်

Fri, 01/28/2011 - 09:24 -- Anonymous (not verified)

မြင်းခြံကုန်စည်ဒိုင် စဉ် အမျိုးအမည်            ရေတွက်ပုံ           ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                                      ယခင်အပတ်    ယခုအပတ်၁ ပဲစင်းငုံနီ(သစ်)            ၁ ပိဿာ               ၁ဝဝဝ         ၁ဝ၈၅၂ ထောပတ်                   ၁ ပိဿာ               ၉ဝဝ             ၉၆ဝ၃ ပဲစင်းငုံကြား                ၁ ပိဿာ                ၉ဝဝ           ၉၈၅မြင်းခြံမှာ ပဲစင်းငုံနီနဲ့ ထောပတ်ပဲ ပုံမှန်အရောင်းအဝယ်ဖြစ်                ဒီတစ်ပတ် မြင်းခြံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ထောပတ်ပဲဈေးအနည်းငယ်မြင့်လာပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငုံနီက ဈေးကွက်သို့အဝင်အားကောင်းနေသလို ရန်ကုန်ဝယ်လက်ကလည်း လက်ရှိပေါက်ဈေးထက် ဈေးပိုပေးပြီးအဝယ်ရှိတာ ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁ဝ၈၅ ကျပ်(တစ်တန်ကို ၆၆၄၄၄၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၁၅ဝ ကြားအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ထောပတ်ပဲ ကိုလည်း ရန်ကုန်ဝယ်လက်က ဝယ်အားပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင ် ဈေးမြင့်လာပြီး တစ်ပိဿာကို ၉၆ဝ ကျပ်(တစ်တန်ကို ၅၈၇၈၉၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားအရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။