Main menu

Background

ကုန်စည်ဒိုင်သုံးသပ်ချက်

Fri, 01/28/2011 - 09:41 -- Anonymous (not verified)

 ကုန်စည်ဒိုင်သုံးသပ်ချက်          မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန် ဘုရင့် နောင်ဈေးကွက်မှာ မတ်ပဲ(RC)ရောင်းဈေး မြင့်လာတဲ့အပေါ် ဈေးပေးအဝယ်ရှိတာကြောင့် ဘုရင့်နောင်၊ ဟင်္သာတ၊ မန္တလေး၊ မုံရွာ နဲ့ ပြည်မှာ ဈေးမြင့်ေ့ နကြောင်း တွေ့ရပါတယ်။ ပဲစင်းငုံနီကို Export ဝယ်လက်တွေနဲ့ လှောင်လက်ကုန် သည် အချို့က ဈေးပေးအဝယ်ရှိသလို ဝယ်အားပါ သွက်လာတာ ကြောင့် ဘုရင့်နောင်၊မန္တလေး၊မုံရွာ၊မကွေး၊ ပြည်၊ ပခုက္ကူ၊ မြင်းခြံနဲ့ အောင်လံတွင် ဈေးသိသိသာစွာာမြင့််ေ့နကြောင်း တွေ့ရပါတယ်။           ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက် ပဲထွက်ရှိတဲ့ဒေသရဲ့ ပဲအရည်အသွေးပေါ်မူတည်ပြီး ဈေးပေးအဝယ် ရှိတာကြောင့် မန္တလေး၊ မကွေးနဲ့ပြည်တွင် ဈေးမြင့်နေပြီး အောင်လံ တွင် ဈေးငြိမ်နေကာ မုံရွာတွင် ဈေးအနည်းငယ်ကျနေကြောင်း သိရပါတယ်။          ကုလားဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ် လက်က ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူ ကုန်သည် တွေထံမှာ ပစ္စည်းလက်ကျန်နည်းနေတဲ့အပေါ် ချိန်ဆဝယ်ယူမှု တွေရှိနေတာ ကြောင့် မန္တလေးတွင် ဈေးမြင့်နေပြီး ဘုရင့်နောင်မှာ ဈေးငြိမ်နေ ကာ မုံရွာတွင် ဈေးကျနေကြောင်း တွေ့ရပါတယ်။             ပြောင်းကို တရုတ်ဝယ်လက်နဲ့ ဒေသတွင်းအစာစပ်လုပ်ငန်းရှင် များက တရုတ်ပြည်မှာ နှစ်သစ်ကူးပွဲတော်နီးကပ်လာလို့ ဝယ်အား များလာတာကြောင့် မူဆယ်နဲ့ လားရှိုးမှာ ဈေးမြင့်နေပြီး တောင် ကြီးနဲ့ အောင်ပန်းမှာ ဈေးမဆိုသုသလောက်က်ကျ နေတာ တွေ့ရပါတယ်။