Main menu

Background

အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ

Fri, 01/28/2011 - 09:59 -- Anonymous (not verified)

အအေးလှိုင်းဝင်ရောက်မှုကြောင့် အိန္ဒိယပဲမျိုးစုံဈေးနှုန်းခိုင်မာနေ          အိန္ဒိယ နိုင်ငံအတွင်း အချို့ဒေသများတွင် အအေးလှိုင်း ဝင်ရောက်မှုကြောင့် ပဲစင်းငုံ၊ ပဲနီလေးနဲ့ ကုလားပဲ သီးနံှများ ပျက်စီးခဲ့ပြီး ဈေးကွက် တွေမှာ ဝယ်လိုအားတက်နေတာကြောင့် လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ပဲမျိုးစုံဈေးနှုန်း အမြင့်မှာဘဲ ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။ ပဲစင်းငုံနဲ့ ပဲစင်းငုံခွဲခြမ်းတို့မှာ ဈေးအတက်ကို ဆက်လက်သွားနေဆဲဖြစ်ပေမဲ့ ကုလားပဲ ကိုတော့ အမြင့်ဈေးမှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းခဲ့ တယ်လို့ သိရပါတယ်။          ကုန်သည်တွေပြောကြားတာကတော့ ဈေးကစားသူများက သီးနံှ အထွက်ကျဆင်းမယ့် သတင်းတွေနဲ့ ဈေးမြင့်တက်အောင် ဆောင်ရွက်ခဲ့ တာကြောင့် ဈေးတွေမြင့်တက်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ လ ၁၇ ရက်မှာ ဈေးသိသိသာသာမြင့်တက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်မှာတော့ ဈေးပြန်ငြိမ်ခဲ့ရာ လက်ငင်းဈေးကွက်မှာ ကုလားပဲခွဲခြမ်း (အဆင့်မြင့်) ဈေးက တစ်တန်ကို ရူပီး ၃၁၇၅ဝ-၃၂ဝဝဝ (ကန်ဒေါ်လာ ၇ဝ၂-၇ဝ၈) ဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းဈေးက တစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂)မြင့်တက်ပြီး ရူပီး ၆၃ဝဝဝ-၆၄ဝဝဝဝ (ကန်ဒေါ်လာ ၁၃၉၃-၁၄၁၅)နဲ့ ရူပီး ၅၁ဝဝဝ- ၅၄ဝဝဝ (ကန်ဒေါ်လာ ၁၁၂၈-၁၁၉၄) ဈေးဖြစ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline