အိန္ဒိယ ဆောင်းဂံျု၊ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှ စိုက်ဧရိယာတိုးတက် အိန္ဒိယဆောင်းရာသီစိုက်ပျိုးမှုဟာ လက်ရှိအချိန်ထိ တိုးတက်လျက်ရှိရာ ဂုံျစိုက်ဧရိယာ ၄ ရာခိုင်နှုန်းခန့်နဲ့ ပဲမျိုးစုံမှာ ၆ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁၁ ဇန်နဝါရီလ ၁၄ ရက်နေ့အထိ ဂံျုစိုက်ဟက်တာ ၂၈၈ သိန်းကျော်ရှိလို့ ယခင်နှစ်ကာလတူစိုက်ဟက်တာ ၂၇၉ ဒသမ ၁၂ သိန်းထက် ပိုမိုသလို ပဲမျိုးစုံစိုက်ပျိုးမှုကလည်း ယခင်နှစ်က ဟက်တာ ၁၃၆ ဒသမ ၉၃ သိန်း ထက်ပိုပြီး ယခုနှစ်မှာ ဟက်တာ ၁၄၅ သိန်းရှိပြီလို့သိရပါတယ်။ အလားတူ ဆီထွက်သီးနံှစိုက်ဧရိယာလည်း ယခင်နှစ်ကာလတူက ဟက်တာ ၈၇ ဒသမ ၃ဝ သိန်းရှိရာမှ ယခုနှစ်မှာ ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး၊ ဟက်တာ ၈၉ ဒသမ ၄ဝ သိန်းထိ စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ဒါပေမဲ့ ဆန်နဲ့နံှစားသီးနံှစုစုပေါင်းစိုက်ပျိုးမှုကတော့ ၂၇ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က စပါးစိုက် ဧရိယာ ဟက်တာ ၁၂ ဒသမ ၆၇ သိန်းရှိခဲ့ရာမှ ယခုနှစ်ဟက်တာ ၉ ဒသမ ၂၁ သိန်းကိုလည်းကောင်း၊ နံှစားသီးနံှစိုက်ပျိုးမှုမှာလည်း ယခင်နှစ်က ဟက်တာ ၆၃ ဒသမ ၅၈ သိန်းရှိရာက ယခုနှစ်မှာ ဟက်တာ ၅၈ ဒသမ ၈၄ သိန်းကို လျော့ကျခဲ့တယ်လို့သိရပါတယ်။ ယမင်းခင်၊ှSource:PTI
Background