Main menu

Background

ဖိလစ်ပိုင်သမ္မတက ဆန်လုံလောက်ရုံသာ တင်သွင်းဖို့ NFA ကိုပြောကြား

Sun, 01/30/2011 - 04:02 -- Anonymous (not verified)

 ဖိလစ်ပိုင်သမ္မတက ဆန်လုံလောက်ရုံသာ တင်သွင်းဖို့ NFA ကိုပြောကြား               ဖိလစ်ပိုင်သမ္မတ အကွီနိုမှ အသင့်တော်ဆုံးဈေးနှုန်းနဲ့ လုံလောက်တဲ့ ဆန်ပမာဏ တင်သွင်းဖို့ နိုင်ငံပိုင် စားနပ်ရိက္ခာအာဏာပိုင် (NFA)ကို ညွှန်ကြားခဲ့တယ်လို့ ထိပ်တန်းအရာရှိ တစ်ဦးမှ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြောကြားပါ တယ်။ မနှစ်က ဆန်အမြောက်အမြားတင်သွင်းသလိုမျိုး ဒီနှစ်မလုပ်မိဖို့ တာဝန်ယူ ဆောင်ရွက်သွားရမယ်လို့ သမ္မတရုံး ဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီမံကိန်းအထွေထွေအတွင်းရေးမှူး Ramon Carandang က ပြောကြားပါတယ်။                  ၂ဝ၁ဝ ခုနှစ်အတွင်း ဆန်အပိုအလံျှတင်သွင်းခဲ့တာကြောင့် အေဂျင်စီဟာ ကန်ဒေါ်လာ ၃ ဒသမ ၉၈ ဘီလီယံ အြွေကးတင်နေတယ်လို့ NFA  စီမံခန့်ခွဲသူ Angelito Banayo  က အစောပိုင်းက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ သမ္မတကို တင်ပြတဲ့ ၎င်းရဲ့ အစီရင်ခံစာမှာ ဆန်အပိုအလံျှ တင်သွင်းခဲ့ခြင်းမှ လူတစ်ဦး၊ အုပ်စုတစ်စုသာ အကျိုးအမြတ် ရရှိနေတယ်လို့ ပါရှိကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ဆန်တင်သွင်းမှုဟာ နိုင်ငံလိုအပ်ချက်ထက်ပိုမိုနေပြီး ဈေးနှုန်းအနေနဲ့လည်း တစ်တန်ကို ကန်ဒေါ်လာ ၁၂၅ ပိုမိုနေတယ်လို့ ဆိုပါတယ်။             ယခင်နှစ်များက NFA ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့တဲ့ နိုင်ငံဆန်လိုအပ်ချိန်မှာ တင်သွင်းရမယ့် ပမာဏ မှန်ကန်တိကျဖို့ နဲ့ အသင့်တော်ဆုံးဈေးနှုန်းဖြစ်ဖို့ ဆိုတာတွေကို ယခုအခါဦးစားပေးဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။ အကယ်လို့ ဒီနှစ် လုပ်ဆောင်နိုင်မယ်ဆိုရင် အခွန်ဆောင်ဖို့ ငွေစုဆောင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ ကမ္ဘာမှာ အများဆုံး ဆန်တင်သွင်းသူဖြစ်ပြီး ၂ဝ၁ဝ မှာ ဆန်တန်ချိန် ၂ သန်းကျော် တင်သွင်းခဲ့ပါတယ်။ လမင်းး၊ှSource: riceonline