Main menu

Background

ဗီယက်နမ်အနေဖြင့် လက်ရှိအချိန်တွင် ဆန်အမြောက်အမြားတင်ပို့မှုစာချုပ်များကို လက်မှတ်ရေးထိုးရာတွင် အထူးသတိထားရမည်

Sun, 01/30/2011 - 04:02 -- Anonymous (not verified)

 ဗီယက်နမ်အနေဖြင့် လက်ရှိအချိန်တွင် ဆန်အမြောက်အမြားတင်ပို့မှုစာချုပ်များကို လက်မှတ်ရေးထိုးရာတွင် အထူးသတိထားရမည်             ကမ္ဘာတစ်ဝန်းတွင် ရာသီဥတု ဖောက်ပြန်မှုများနဲ့ သဘာဝ ဘေးအန္တရာယ်များအရ ဆန်လက်ကျန်သိုလှောင် ထားရှိမှု စာရင်းများကို ခန့်မှန်းမရနိုင်တဲ့ အနေအထားရှိပါတယ်။ ၎င်းအနေအထားက ၂ဝ၁၁ခုနှစ်ရဲ့ နှစ်စအတွင်း ဆန် ဈေးကွက်နဲ့ ဆန်တင်ပို့မှုဈေးနှုန်းများ အပေါ်ရိုက် ခတ်စေတဲ့ အဓိကအကြောင်းရင်းများဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁၁ ခုနှစ်က ဗီယက်နမ်ဆန်ကုန်သည်များအဖို့ အကျပ်အတည်း ကြုံတွေ့ရတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်ကြောင်း ခန့်မှန်း ကြပါတယ်။             ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ရဲ့ပြောကြားချက်အရ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က ဆန်ထွက်နှုန်းနဲ့ ဆန်စားသုံးမှုနှစ်မျိုးလုံး တိုးတက်မဲ့နှစ်ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်များ မှာ ကြိုတင်ခန့်မှန်းလို့ မရနိုင်တဲ့အ လျောက် ရာသီဥတုအခြေ အနေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး သင့်လျော်တဲ့ပို့ကုန် မူဝါဒများကို ကျင့်သုံးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။              ဆန်တင်ပို့ရောင်းချတဲ့နိုင်ငံများရဲ့ ဆန်သိုလှောင်ထားတဲ့ ပမာဏစာရင်းများကိုလည်း ဆက်စပ်သိရှိထားဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့တွင် ဆန်သို လှောင်တဲ့ ပမာဏများပြားသော်လည်း အခြား နိုင်ငံများတွင် မူ လျော့နည်းမှုအရ ဝယ်လိုအားနဲ့ ရောင်းလိုအားမညီမျှမှုများ ဖြစ်ပေါ်စေပါတယ်။ ၂ဝ၁ဝ ခုနှစ် အလယ်တွင် မမျှော်လင့်တဲ့ အနေအထားများကြောင့် နှစ်စဉ်ပုံမှန်ဆန်တင်ပို့ရောင်းချမှု လုပ်ငန်းစဉ်အပေါ် ထိခိုက်စေခဲ့ပါ တယ်။ ဥပမာ-အင်ဒိုနီးရှား နိုင်ငံက ၂ဝဝ၈နဲ့ ၂ဝဝ၉ ခုနှစ်များတွင် ဆန်ဝယ်ယူတင်သွင်းမှု မရှိခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင်မူ မမျှော်လင့်ဘဲ ပြည်ပမှ ဆန်ဝယ်ယူတင်သွင်းဖို့ လိုအပ်လာခဲ့ပါတယ်။ ယခုလက်ရှိ အချိန် တွင် အင်ဒိုနီးရှားနိုင်ငံက ဗီယက်နမ်နိုင်ငံမှ ဆန်တန် ချိန်၁ ဒသမ ၅ သန်းဝယ်ယူတင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ အလားတူပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ၂ဝ၁ဝ ခုနှစ် အစောပိုင်းက ခန့်မှန်းထားတာထက် ကျော်လွန်ဝယ်ယူခဲ့ရာ ၂ဝ၁ဝ ခုနှစ် အတွင်း စုစုပေါင်းဆန်တန်ချိန် ၄ သိန်းဝယ်ယူ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ယခု ၂ဝ၁၁ ခုနှစ်တွင် အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်ဈေးကွက် ၂ ခုစလုံးက ှSouthern Food Cooperation Vinafood 2  ၂ ထံမှ ဆန်တန်ချိန် ၇ သိန်းစီ ဝယ်ယူ တင်သွင်းလိမ့်မယ်လို့ ခန့်မှန်းပါတယ်။             ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲနဲ့ National Food Agency အပြောင်းအလဲများဖြစ်ပေါ်နေခြင်းကြောင့် ဗီယက်နမ်နိုင်ငံအနေနဲ့ ဆန်တင်ပို့မှုပမာဏကို စီမံချက် ရေးဆွဲရာတွင် သတိထား ဆောင်ရွက်သင့်ပါတယ်။ လောလောဆယ် အနေအထားအရ ဗီယက်နမ်နိုင်ငံက ၂ဝ၁၁ ခုနှစ် ပထမ၂ လအတွက်သာ ဆန်တင်ပို့ရောင်းချဖို့ အရောင်း အဝယ်စာချုပ်ချုပ်ဆိုထားပါတယ်။ ၎င်းစာချုပ်အရ ဗီယက်နမ် လုပ်ငန်းရှင်များအနေနဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလ အတွင်းတွင် ဆန်တန်ချိန် ၆ သိန်းတင်ပို့ရောင်းချ မှာဖြစ်ပါ တယ်။        ၂ဝ၁၁ ခုနှစ်အတွင်း ဆန်ဈေးနှုန်းအခြေအနေ       ဗီယက်နမ်နိုင်ငံစားနပ်ရိက္ခာအဖွဲ့ (VFA) ရဲ့ထုတ်ပြန် ချက် အရ ဗီယက်နမ်နိုင်ငံရဲ့ ၂ဝ၁၁ ခုနှစ်ဆန်ကြမ်း ခင်းဈေး နှုန်းများမှာ ၅ မှတ်ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၂ဝ နဲ့ ၂၅ မှတ်ဆန်တစ်တန်ကို ဒေါ်လာ ၄၉ဝ ဖြစ်ပါတယ်။            ယခုနှစ် ဆောင်းဦးရာသီမှာ ပြည်တွင်းဆန်ဈေးနှုန်းက တစ်ကီလိုကို အနိမ့်ဆုံးဈေး ဗီယက်နမ်ဒေါင် ၅ဝဝဝ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆောင်းဦးရာသီတွင် ဂရုတစိုက်စောစော ရိတ်သိမ်း ခြင်းနဲ့ သီးနံှအရည်အသွေးကောင်း ရရှိစေပြီး ဈေးနှုန်းကောင်း ရရှိနိုင်ပါတယ်။ ဗီယက်နမ်နိုင်ငံက ယခင်ကပြည်တွင်း ထုတ်လုပ်မှုကို အကာအကွယ်ပေးဖို့ ဗီယက်နမ်တွင် လုပ်ငန်း ဆောင်ရွက်လိုတဲ့ ပြည်ပလုပ်ငန်းရှင်များကို ဖက်စပ်လုပ်ငန်း တည်ထောင်ခွင့်ပြုခဲ့ပါတယ်။ ယခု ၂ဝ၁၁ ခုနှစ်တွင်မူ ွှွှ   WTO ရဲ့ ကတိကဝတ်များအရ ဗီယက်နမ်နိုင်ငံက မိမိရဲ့ဆန်ဈေး ကွက်ကို ဖွင့်ပေးရတော့မှာ ဖြစ်ပါတယ်။            ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက် ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂ဝ၁ဝ ပြည့် နှစ်အတွင်း ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၆ ဒသမ ၈၈ သန်းတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၃ ဘီလီယံရရှိခဲ့ရာ ၂ဝဝ၉ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏ ၂၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ တန်ဖိုး ၁၅ ဒသမ ၄ ရာခိုင်နှုန်းတိုးတက် ရရှိခဲ့ပါတယ်။  သန်းအုန်း၊Source:VOVnews