Main menu

Background

ယခုတစ်ပတ် မတ်ပဲတန် ၁၃ဝဝဝ အတင်ရှိ

Sun, 01/30/2011 - 04:13 -- Anonymous (not verified)

ယခုတစ်ပတ် မတ်ပဲတန် ၁၃ဝဝဝ အတင်ရှိ               ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၅ဝဝဝ ကျော်ကို ပင်လယ်ရေ ကြောင်းက တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၂ဝ-၂၆ ရက်) မှာ တန်ချိန် ၁၃ဝဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအသစ်တွေ ဈေးကွက်တွေ အဝင် များလာပြီဖြစ်သလို ပြည်ပအဝယ်ကလည်း အားကောင်းလာပါတယ်။ ယခု သီတင်း ပတ် အစပိုင်းမှာ ဝယ်လိုအားကောင်းလို့ ဈေးမြင့်လာခဲ့ရာက သီတင်းပတ် နှောင်း ပိုင်းမှာတော့ ဈေးအနည်းငယ်ပြန်ဆင်းလာပေမဲ့ ယခင်ပတ်အဈေးနှုန်းထက် ပိုလာ တာတွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအရည်အသွေးကောင်းမရနိုင်တဲ့အတွက် မြန်မာမတ်ပဲကို အဝယ်ရှိနေအုံးမှာဖြစ်လို့ ဈေးများများမကျနိုင်ဘူးလို့ ကုန်သည် များက ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB  ဈေးကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                                                                                              ဒေါ်လာ/တန်                    မတ်ပဲ(FAQ)         မတ်ပဲ(SQ) ၂၇-၁-၁၁      ၉၃ဝ-၉၄ဝ        ၁ဝ၈ဝ-၁ဝ၉ဝ ၂၁-၁-၁၁      ၈၈ဝ-၈၉ဝ        ၁ဝ၅ဝ-၁ဝ၆ဝ                                                                                                                        MIRT(MAPT)