Main menu

Background

လှောင်လက်များ ဝယ်ယူလို့ အိန္ဒိယမတ်ပဲဈေး မြင့်တက်

Sun, 01/30/2011 - 04:20 -- Anonymous (not verified)

 လှောင်လက်များ ဝယ်ယူလို့ အိန္ဒိယမတ်ပဲဈေး မြင့်တက်              အိန္ဒိယဈေးကွက်တွေမှာ လှောင်လက်တွေနဲ့ ဒေသတွင်းခွဲစက်တွေက ဝယ်ယူမှုတွေရှိလို့ မတ်ပဲဈေးမြင့်တက် လျက်ရှိပါတယ်။ လက်ကျန်နည်းနေတဲ့အချိန် ဝယ်လိုအားတွေကောင်းနေတာကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ တစ်တန်ကို ရူပီး ၅ဝဝ (ကန်ဒေါ်လာ ၁ဝ ဒသမ ၉၇) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒေလီဈေးကွက်မှာ မတ်ပဲတစ်တန်ကို ရူပီး ၄၃ဝဝဝ-၄၈၅ဝဝ (ကန်ဒေါ်လာ ၉၄၄-၁ဝ၆၄) ရှိပြီး အရည်အသွေး အကောင်းဆုံးတစ်တန်ကို ရူပီး ၅၅၅ဝဝ- ၅၈၅ဝဝ (ကန်ဒေါ်လာ ၁၂၁၈-၁၂၈၄) ဈေးရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်တွေကို မတ်ပဲအသစ်က ဖေဖော်ဝါရီလလယ်မှ ဝင်ရောက်မှာဖြစ်လို့ အဲဒီကာလတိုင်အောင် ဈေးခိုင်မာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ယမင်းခင်၊ Source: TPI