Main menu

Background

ပြည်မတ်ပဲဈေးပြန်အေး

Sun, 01/30/2011 - 04:22 -- Anonymous (not verified)

ပြည်မတ်ပဲဈေးပြန်အေး               ပဲခူးတိုင်းဒေသကြီးအနောက် ပြည်မြို့ မတ်ပဲဈေးကွက်မှာ ပဲအသစ်များ ပေါ်စပြုနေပြီဖြစ်လို့ ပြည်အနီးအနား ဇီးအုပ်၊ နတ္တလင်းရွာများမှ အရောက် ရောင်းချကြပါတယ်။ ပဲအသစ်တစ်တင်းကို ၂၂ဝဝဝ ကျပ်ဈေးရှိလို့ ယခင်နှစ်ဈေးနဲ့ ယှဉ်ရင်နည်းတယ်လို့ သိရပါတယ်။ ကုန်သည်လက်ဝယ်ကျန်ရှိနေတဲ့ ပဲတစ်တင်းကို ဇန်နဝါရီလ တတိယပတ်မှာ ၂၂၅ဝဝ ကျပ်ဈေးရှိပြီး စတုတ္တပတ်မှာတော့ ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်မြင့်လာပြီးမှ ၂၃ဝဝဝ ကျပ်ထိဈေးပြန်လျော့ နည်းလာ ခဲ့တာကို တွေ့ရပါတယ်။ မြို့တွင်းရောင်းဝယ်မှုကတော့ မရှိသလောက်နည်းနေ တယ်လို့ သိရပါတယ်။ တိုင်းတွင်းအခြားမြို့နယ်များမှ ရန်ကုန်သို့ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၉၅ဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး