Main menu

Background

ဟင်္သာတမတ်ပဲသစ်များ လှိုင်လှိုင်ဝင်ပါပြီ

Sun, 01/30/2011 - 04:22 -- Anonymous (not verified)

ဟင်္သာတမတ်ပဲသစ်များ လှိုင်လှိုင်ဝင်ပါပြီ              ၂ဝ၁၁ ခုနှစ်ထွက် ဟင်္သာတမတ်ပဲများဟာ ဈေးကွက်ကို ဇန်နဝါရီလ လယ်က အနည်းငယ် စတင်ဝင်ရောက်ခဲ့ပြီး ယခု ဇန်နဝါရီလကုန်မှာ အင်္ဂပူ၊ မြန်အောင်၊ လေးမျက်နှာမြို့နယ် မတ်ပဲစိုက်ဒေသများက လှိုင်လှိုင်ဝင်ရောက် လာပြီလို့ သိရပါတယ်။ ဈေးကွက်ကို ဝင်စက တစ်တင်း ၂၃၇ဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့ ပေမဲ့ ယခုအပတ် လှိုင်လှိုင်ဝင်ချိန်မှာ တစ်တင်း ၂၃၄ဝဝ ကျပ်နဲ့ အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ကို နေ့စဉ် မတ်ပဲသစ် အိတ် ၂ဝဝ ခန့်ဝင်ရောက်ပြီး ရန်ကုန်သို့ အိတ် ၁၅ဝ ခန့်တင်ပို့နေပြီလို့ သိရပါတယ်။ ရန်ကုန် ဈေးကွက်ကို နေ့စဉ် မတ်ပဲအဟောင်း၊ အသစ် အိတ် ၅ဝဝ ဝန်းကျင်တင်ပို့ နေတယ်လို့လည်း သိရပါတယ်။                                                                              အေးအေးခိုငိ