Main menu

Background

်အဟောင်းရော အသစ်ပါသွက်တဲ့ မန်းပဲစင်းငုံဈေးကွက်

Sun, 01/30/2011 - 04:27 -- Anonymous (not verified)

်အဟောင်းရော အသစ်ပါသွက်တဲ့ မန်းပဲစင်းငုံဈေးကွက်                     ယခုတစ်ပတ် မန်းပဲဈေးကွက်မှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက်တို့ ဝယ်လို အားကောင်းနေလို့ အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတာတွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်မှာ အဝင်လှိုင်လာပြီး၊ အဟောင်းရော အသစ်ပါ ဈေးကွက်အတွင်း ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်အဟောင်းရှိတဲ့ ကုန်သည် များကလည်း ပဲအဟောင်းများကိုထုတ်ရောင်းပြီး၊ ပဲစင်းငုံအသစ်များကို ပြန်ဝယ်ယူ နေတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ငုံနီအသစ်တစ်ပိဿာ ၉၆၇ ကျပ်၊ တစ်တန် ၅၉၂ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ ငုံနီအသစ်တစ်ပိဿာ ၁၁၆၇ ကျပ်၊ တစ်တန် ၇၁၄၆ဝဝ ကျပ်နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် မန်းဈေးကွက်မှာ ပစ္စည်းအဝင်လှိုင် လာသလောက် ရန်ကုန်ဝယ်လက်သမားများမှ ဝယ်လိုအားကောင်းလာတဲ့အတွက် ရောင်းဝယ်ရတာကောင်း တယ်လို့ ကုန်သည် များက ပြောကြပါတယ်။ ကျော်ကျော်မိုး