Main menu

Background

အဝင်များပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲစင်းငုံ

Sun, 01/30/2011 - 04:30 -- Anonymous (not verified)

အဝင်များပြီး အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲစင်းငုံ              ပြည်ပဲစင်းငုံမှာ ယခုတစ်ပတ် အစပိုင်းမှာ ပိဿာ ၂ဝ တစ်တင်းလျှင် ၂၇ဝဝဝ ကျပ်ထိဈေးမြင့်လာခဲ့ပေမဲ့ နောက်ရက်များမှာတော့ တစ်တင်း ၂၃ဝဝဝ ကျပ်သို့ ဈေးအေးလာခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း မကွေးတိုင်းဒေသကြီးရှိ မြို့နယ်အစုံမှ ပဲစင်းငုံအဝင်များသလို တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ဆီဆုံကုန်းမြို့နယ် များမှလည်း အဝင်များကြောင်းသိရပါတယ်။ ပြည်ဈေးကွက်သို့ စုစုပေါင်း အိတ် ၂ဝဝဝ ကျော် အဝင်ရှိပြီး၊ အဝင်များ လာခြင်းကြောင့် ဈေးလျော့သွားခဲ့ပေမယ့် ယခင်တစ်ပတ်ဈေးထက် ဈေးကောင်းရနေပါတယ်။ အဝင်များသလောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။                                                  ဆုမွန်မွန်ဆွေ