Main menu

Background

ပဲလွန်းဖြူ တင်ပို့မှု ပြန်လည်တိုးတက်လာ

Sun, 01/30/2011 - 04:39 -- Anonymous (not verified)

ပဲလွန်းဖြူ တင်ပို့မှု ပြန်လည်တိုးတက်လာ                ယခင်သီတင်းပတ်က ပဲလွန်းဖြူ တန်ချိန် ၁၃ဝ ကျော်သာ တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇန်နဝါရီလ ၂ဝ ရက်မှ ၂၆ ရက်)အတွင်းမှာတော့ တန်ချိန် ၂၇ဝ ခန့်အထိ ပြန်လည် တိုးတက် တင်ပို့လာနိုင်ခဲ့ပါတယ်။ ဒေသစုံက ပဲလွန်းဖြူတွေ ဝင်လာနေပြီ ဖြစ်ပြီး ပြည်ပဝယ်လိုအားကောင်းတဲ့ ပဲဖြစ်လို့ အပတ်စဉ်တင်ပို့နေရပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲလွန်းဖြူ ဈေးမြင့်တက်လာပေမဲ့ ရန်ကုန် FOB  ဈေးကတော့ ယခင်သီတင်းပတ် ဈေး ဖြစ်တဲ့ FAQ တစ်တန်ကို ကန်ဒေါ် လာ ၈ဝဝ-၈၂ဝ ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ ဖြစ်ပါတယ်။ အိန္ဒိယမွန်ဘိုင်း ဈေးကွက် ပေါက်ဈေး ကတော့ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅၅ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT