Main menu

Background

ပင်လယ်ရေကြောင်းက တစ်ပတ်အတွင်း တန် ၃၅ဝဝ တင်

Sun, 01/30/2011 - 04:49 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက တစ်ပတ်အတွင်း တန် ၃၅ဝဝ တင်             ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၄ဝဝဝ ခန့်ရှိပြီး ယခုသီတင်းပတ်မှာ တန်ချိန် ၃၅ဝဝ တင်ပို့မှုရှိခဲ့ပါတယ်။ မုံရွာ၊ ရွှေဘိုနဲ့ မန္တလေးတိုင်းဒေသကြီးက ပဲတီစိမ်းအသစ်တွေ ဈေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်ပြီး၊ ပဲတီစိမ်းကြီးကို တရုတ်ဘက်က ဝယ်ယူကာ စိမ်းသေးကိုတော့ ရန်ကုန်ဝယ်လက်ကအဆွဲရှိနေတယ်လို့ သိရပါတယ်။ ယခင်တစ်နှစ်လုံး ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲတီစိမ်းဟာ ယခုနှစ်ရာသီအစမှာလည်း ပြည်ပဝယ်ယူသူတွေ ပုံမှန်ဝယ်ယူနေတာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အခြားပဲဈေး အပြောင်းအလဲရှိပေမဲ့ ပဲတီစိမ်းဈေးကတော့ ယခင် သီတင်းပတ်ဈေးနဲ့ ငြိမ်နေတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၂၇ ရက် ရန်ကုန် FOB  ဈေးအနေနဲ့ ပဲတီစိမ်း (အညာ၊ ပခုက္ကူ)  တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ ရှိပြီး ပဲတီရွှေဝါအသေးတစ်တန်ကို ကန်ဒေါ်လာ ၁၂၂ဝ-၁၂၄ဝ ဖြစ်ကြောင်း သိရပါတယ်။                    MIRT-MAPT