Main menu

Background

သီတင်းပတ် သုံးပတ်အတွင်း အိန္ဒိယပဲတီစိမ်းဈေး ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်

Sun, 01/30/2011 - 05:16 -- Anonymous (not verified)

 သီတင်းပတ် သုံးပတ်အတွင်း အိန္ဒိယပဲတီစိမ်းဈေး ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်        ယခုလ ပထမ သုံးပတ်အတွင်း အိန္ဒိယနိုင်ငံဈေးကွက်အသီးသီးမှာ ပဲတီစိမ်း၊ ပဲတီရွှေဝါ တစ်တန်ကို ကန်ဒေါ်လာ ၂ဝဝ ကျော်မြင့်တက်လာတာတွေ့ရပါတယ်။ ဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်ပြီး ပဲအသစ်က ဖေဖော်ဝါရီ လလယ်မှ သာ ဝင်ရောက်မှာဖြစ်လို့ ယခုလိုဈေးသိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ နိုင်ငံတကာမှာ တရုတ်က ဝယ်လိုအား ကောင်းနေ လို့ ဈေးတက်တဲ့အတွက် အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာပါ လိုက်ပါမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ သုံးပတ် အတွင်း ဈေးနှုန်းအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ်                                                                                                           ဒေါ်လာ/ တန်                       ချန်နိုင်းဈေးကွက်              ဒေလီဈေးကွက်၂၇-၁-၁၁         ၁၂၉၅-၁၃၁၇                   ၉၈၇-၁၂ဝ၇၃-၁-၁၁           ၁ဝ၇၅-၁ဝ၉၇                  ၁ဝဝ၇-၁ဝ၄၁MIRT (MAPT)