Main menu

Background

ရောင်းသူဈေးကွက်ဖြစ်နေတဲ့ မုံရွာ ပဲတီစိမ်း

Sun, 01/30/2011 - 05:18 -- Anonymous (not verified)

ရောင်းသူဈေးကွက်ဖြစ်နေတဲ့ မုံရွာ ပဲတီစိမ်း              မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း မန္တလေးနဲ့ရန်ကုန်ဝယ်လက်တွေ အဝယ်သွက် ခဲ့လို့ အရောင်းအဝယ်ပြိုင်ဆိုင်နေတယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ပစ္စည်းအဝင် ပုံမှန်သာရှိခဲ့လို့ ရောင်းသူ ဈေးကွက်ဖြစ်ပေါ်နေကာ ဒီရက်ပတ်ထဲမှာ စိမ်းကြီးတစ်တင်း ၂၉ဝဝဝ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၂၄ဝဝဝ ကျပ်ထိ ဈေးကောင်းရလျက်ရှိတာတွေ့ရပါတယ်။ ဝယ်လက်အားဖြင့် စိမ်းကြီးကို မန္တလေးလက်နဲ့ စိမ်းသေးကို ရန်ကုန်လက်က ပုံမှန်ထက် အဝယ်သွက်ခဲ့လို့ ဒီရက်ပတ်ထဲ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်လျှင် အိတ် ၅ဝဝ အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းစီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝ ခန့် တင်ပို့စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။                                                                ထွန်းလှိုင်