Main menu

Background

ပုံမှန်အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးငြိမ်နေတဲ့ ပဲကြီး

Sun, 01/30/2011 - 05:39 -- Anonymous (not verified)

ပုံမှန်အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးငြိမ်နေတဲ့ ပဲကြီး               ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲကြီးသီးနံှကို ယခု ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ဧက ၂၈ဝဝဝ ကျော်စိုက်ပျိုး နိုင်ခဲ့ပါတယ်။ မိုးညိုမြို့နယ်နဲ့ နတ်တလင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ်အတွင်း ပဲကြီးဈေးနှုန်းမှာ ပဲဈေးကွက်မှာ ဈေးအများဆုံးဖြစ်ခဲ့သော်လည်း ယခင်နှစ်က ဈေးနှုန်းကို မမီဘူးလို့ သိရပါတယ်။ ၂ဝဝ၉ ခုနှစ် နှစ်ကုန်မှာ ပဲကြီးတစ်တင်း ၃၉ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ၂ဝ၁ဝ နှစ်ကုန်မှာ ပဲကြီးတစ်တင်း ၃၆ဝဝဝ ကျပ်သာရရှိခဲ့ပါတယ်။ ယခုဇန်နဝါရီလဆန်းကစပြီး ပဲကြီးတစ်တင်း ၃၂ဝဝဝ ကျပ်မှ ၃၃၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ယခုဇန်နဝါရီနောက်ဆုံးပတ်တွင် တစ်တင်း ၃၁ဝဝဝ ကျပ်မှ ၃၂၅ဝဝ ကျပ်အထိ တစ်တင်း ၁ဝဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပဲကြော်ဖိုသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း