Main menu

Background

လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ဘိုကိတ်

Sun, 01/30/2011 - 05:41 -- Anonymous (not verified)

လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ဘိုကိတ်               ပြည်ဈေးကွက်တွင်းသို့ ဘိုကိတ်ပဲများ အဝင်ပါးလာပြီဖြစ်ပါတယ်။ ဘိုကိတ်ပဲမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်တင်းလျှင် ၂၃ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလက တစ်တင်းကို ၁၆၅ဝဝ-၁၉ဝဝဝ ကျပ်ကြား အရောင်းအဝယ်ကောင်းခဲ့ပြီး၊ ယခုနှစ်မှာ ယခင်နှစ်ဈေးထက် ဈေးကောင်းရ နေပါတယ်။ အဝင်ပါးလာတာကြောင့် ဈေးကောင်းရနေပြီး လက်လီဝယ်ယူသူများနဲ့သာ အရောင်းအဝယ်ဖြစ် နေကြောင်းသိရပါတယ်။ ဆုမွန်မွန်ဆွေ