Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး (ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 01/30/2011 - 05:46 -- Anonymous (not verified)

ဒီဇယ်တန်ချိန် တစ်သောင်းကိုးထောင်နီးပါးသာ တင်သွင်းခဲ့            ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ပင်လယ်ရေကြောင်းကနေ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ဒီဇယ်ဆီပီပါ တစ်သိန်းလေးသောင်းနှစ် ထောင့်နှစ်ရာကျော်၊ တန်ချိန်အားဖြင့် တစ်သောင်းကိုးထောင်နီးပါးကို တင်သွင်းခဲ့ ပါတယ်။ ဇန်နဝါရီလအတွင်း အပတ်စဉ် ဒီဇယ်ဆီတင်သွင်းမှုက တန်ချိန် သုံးသောင်း နဲ့လေးသောင်းအကြား ရှိနေခဲ့တာကြောင့် ယခုတစ်ပတ်ဒီဇယ်ဆီတင်သွင်းမှုက ယခင်သီတင်းပတ်များထက် လျော့နည်းနေခဲ့ကြောင်း သိရှိရပါတယ်။ MIRT (DOT) ယခုအပတ်မှ နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ် တင်သွင်းမှုပို               ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်နဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၈ သန်းဖိုးရှိ ဓာတ်ဆီ ၇၂၇၁ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ကော့သောင်း၊ တာချီလိတ်နဲ့ ကန်ပိုက်တီး နယ်စပ် စခန်းများမှ ၃ ဒသမ ၇၉ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၉၄၉၇၈ ဂါလန် တင်သွင်းနိုင် ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၄၅၉၈၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၁၉၁၈၉၁ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ နှစ်သစ်ကူး ကာလများတွင် ခေတ္တရပ်နားမှုရှိ ခဲ့သော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည် လည်ပတ်လာခြင်း၊ မိုးတွင်းကာလ အတွင်း ပျက်စီးခဲ့သော လမ်းပိုင်းအချို့ ပြုပြင်မှုပြီးစီးသွားခြင်း၊ ခရီးလမ်းကြမ်းသော ကျိုင်းတုံ-တောင်ကြီး လမ်းပိုင်းများ ပွင့်လင်းရာသီတွင် သွားလာမှု လွယ်ကူလာခြင်း ကြောင့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှုရှိလာသဖြင့် တာချီ လိတ်တွင် စက်သုံးဆီတင်သွင်းမှု ပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                                                              ဇန်နဝါရီ ၂ဝ၁၁            ဝယ်ဈေးဓာတ်ဆီ(ကျပ်)         ဝယ်ဈေးဒီဇယ်(ကျပ်)ရက်      ရန်ကုန်      မန္တလေး         ရန်ကုန်        မန္တလေး၂၄          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၅          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၆          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၇          ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ          ၃၄ဝဝ၂၈         ၃၂ဝဝ     ၃၅ဝဝ           ၃၁ဝဝ          ၃၄ဝဝMIRT-DOT