Main menu

Background

ရေနံဈေးတက်တာ ရေနံဖြန့်ဖြူးမှုကြောင့်မဟုတ်ဟုဆို

Sun, 01/30/2011 - 05:49 -- Anonymous (not verified)

ရေနံဈေးတက်တာ ရေနံဖြန့်ဖြူးမှုကြောင့်မဟုတ်ဟုဆို                ရေနံဈေးနှုန်းတွေ တစ်စည်ကို ဒေါ်လာ ၁ဝဝ အထိဖြစ်လာတာက ရေနံစိမ်းဖြန့်ဖြူးမှုပြတ်လပ်သွားလို့ မဟုတ်ဘူးလို့ ရေနံတင်ပို့တဲ့ နိုင်ငံများ အဖွဲ့ အိုပက်ရဲ့ ထိပ်တန်းအရာရှိတွေက အခိုင်အမာပြောကြားပါတယ်။ ရေနံထုတ်လုပ်သူတွေက ထုတ်လုပ်မှု တိုးမြှင့်မပေးချင်ဘူးဆိုတဲ့ ဝေဖန်ချက်နဲ့ပတ်သက်ပြီး ပြောကြားရာမှာ ရေနံဈေးကွက်မှာ ရေနံပြတ်လပ်မှု မရှိတာ ရာနှုန်းပြည့်သေချာကြောင်းနဲ့ ရေနံကို အလုံအလောက် ဖြန့်ဖြူး ပေးထားပြီးဖြစ်ကြောင်း အိုပက်အဖွဲ့မှ အထွေထွေအတွင်းရေးမှူးချုပ် အဗ္ဗဒူလာ အယ်လ်ဘက်ထရီက ပြောပါတယ်။           ရေနံကို ရက် ၆ဝ စာသိုလှောင်ထားပြီးဖြစ်နေချိန်မှာ အိုပက်အဖွဲ့က တစ်ရက်ကို စည် ၂၉ ဒသမ ၃ သန်း ထုတ်နေတဲ့အတွက် ပြတ်လပ်မှုမရှိနိုင် ဘူးလို့ သူကပြောပါတယ်။ ရေနံဈေးတက်ရတာဟာ ရာသီဥတုအေးတာနဲ့ ကုန်သည်တွေ ဝယ်တာတွေကြောင့် ဖြစ်ရတယ်လို့ သူက ပြောတယ်လို့ အာရပ်စော်ဘွားများ ပြည်ထောင်စုရေနံဝန်ကြီး အယ်လ်ဟမ်မလီက ပြောပါတယ်။            ရေနံတိုး ထုတ်၊ မထုတ်မေးမြန်းချက်ကိုမူ ပြန်လည်ဖြေကြားခြင်းမရှိပါ။ မတ်လအတွင်း ဖြန့်ဖြူးမဲ့ အမေရိကန်ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၃ ဒသမ ၄၅ ဒေါ်လာမြင့်တက်ပြီး ၈၉ ဒသမ ဝ၉ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ ကုန်သွယ်မှုပမာဏက စည် ၁ ဒသမ ၂သန်းရှိတဲ့အတွက် ဧပြီလ ၁၃ ရက် က စံချိန်တင်ထားခဲ့တဲ့ ၁ ဒသမ ၄၃၂ သန်း နီးကပ်လျက်ရှိပါတယ်။ လန်ဒန် ICE Brant  ရေနံစိမ်းဈေးက ၂ ဒသမ ၁၃ ဒေါ်လာမြင့်တက်ပြီး တစ်စည်ကို ၉၉ ဒသမ ၅၂ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။                                Source:saudigazette.com.sa ဉာဏ်တင်