ပင်လယ်ရေကြောင်းမှ တန်ချိန် ၁ဝဝဝ ကျော် အဝင်ရှိ ပြည်တွင်းကို ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ကာလအတွင်း ပင်လယ် ရေကြောင်းလမ်းကနေ ဓာတ်မြေသြဇာတန်ချိန် ၁ဝ၉၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉ဝ၇၂ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်မှ စူပါဖော့စဖိတ် (မျှား) တန်ချိန် ၁ဝဝဝ နဲ့ ထိုင်းနိုင်ငံဘက်မှ ဓာတ်ဆား ၉၆ တန်တို့ကို တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းခဲ့တဲ့ တန်ချိန် တစ်ထောင့်ရှစ် ရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ခုနစ်ရာနီးပါး လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) နယ်စပ်မှလည်း အဝင်လျော့နေ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ တမူးနဲ့ ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်း များမှ ဒီဇင်ဘာလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၇၇ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၉၉၈ တန်ခန့် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၆၉၂၆ တန် တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၉၂၈ တန်ခန့် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ တာချီ လိတ်၊ ကော့သောင်းနဲ့ တမူးနယ်စပ် များမှ တင်သွင်းမှုပိုမိုခဲ့သော်လည်း ဓာတ်မြေ သြဇာ အဓိကတင်သွင်းတဲ့ မူဆယ်နဲ့ ရိဒ်နယ်စပ်စခန်းများမှ တင်သွင်းမှု လျော့နည်းခဲ့တဲ့အတွက် ဖြစ်ပါတယ်။ နယ်စပ် အလိုက် ဓာတ်မြေသြဇာတင်သွင်းတဲ့ ပမာဏတွေကတော့ မူဆယ်မှ ၁၃၁၉၆ တန်ခန့်၊ တာချီလိတ်မှ ၉၇တန်၊ ကော့သောင်းမှ ၁၆၅ တန်၊ တမူးမှ ၂ ဒသမ ၂၅ တန်နဲ့ ရိဒ်မှ ၅၃၇ တန်ခွဲ အသီးသီးဖြစ်ပါတယ်။ မူဆယ်နယ်စပ်အနေနဲ့ ယခုအပတ် မှာ ယူရီးယားဓာတ်မြေသြဇာ အများဆုံးတင်သွင်းခဲ့ပြီး တီစူပါဖော့စဖိတ်၊ ကွန်ပေါင်း (၁ဝး၁ဝး၅)၊ အမိုးနီးယမ်းနိုက်ထြိတ်၊ စင်ဂဲလ် စူပါဖော့စဖိတ်များတင်သွင်းခဲ့ပါတယ်။ တာချီလိတ်မှ အမိုးနီးယမ်း ဆာလ်ဖိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးမှ ပိုတက်ရှ်၊ ရိဒ်မှ ယူရီးယားနဲ့ ပိုတက်ရှ်ဓာတ်မြေသြဇာများ တင်သွင်းခဲ့တာဖြစ်ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၄၈ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၂၅ဝဝဝ ယူရီးယား(တရုတ်)ရွှေတောင် ၂၅၈ဝဝ တီစူပါ မြှား(တရုတ်) ၂၅ဝဝဝ ပိုတက် (တရုတ်) ၂၄၈ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား (တရုတ်-ရွှေတောင်) ၂ဝ၈ဝဝ ယူရီးယား (တရုတ်-ပန်းဖူး) ၂ဝ၅ဝဝ တီစူပါ GTSP 46% ၂၂၃ဝဝ တီစူပါ GSSP 16% ၁ဝ၂ဝဝ တီစူပါ GSSP 12% ၉၄ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၈၅ဝဝ အာမို (ဒိုင်းမွန်းစတား) ၄၁ဝဝဝတောင်ငူ ယူရီးယား-ပုလဲ (ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၈၅ဝဝ ကုလားအုတ် (တရုတ်) ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၂ဝဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂၂ဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၂၂ဝဝ တီစူပါ (တရုတ်) 12% ၁ဝ၅ဝဝ တီစူပါ (တရုတ်) 16% ၁၁ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ပိုတက် (တရုတ်) ၂၁၅ဝဝ ဓာတ်ဆား (တရုတ်) ၁၃၅ဝဝမော်လမြိုင် ပုလဲ(သေး) (ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး) (ရွှေပျား 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး) (ရွှေတောင် 46%တရုတ်) ၂၂၈ဝဝ ကွန်ပေါင်း(အစိမ်း) ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်) ထိုင်း 15:15:15 ၃၈ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၄၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၃၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၂ဝဝဝ MIRT (MAPT)
Background