တစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက တန်ချိန်နှစ်သောင်းကျော်ဝင် ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် စုစုပေါင်း နှစ်သောင်းလေးထောင်နှစ်ရာ့သုံးဆယ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၇၂၂၆ဝ ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ပါကစ္စတန်နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၁၈၈ဝ နဲ့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်ဘိလပ်မြေ ၁၃၇ဝဝ တန်၊ TPI တံဆိပ် ဘိလပ်မြေ ၅၅ဝဝ တန်နဲ့ ဆင်တံဆိပ် ဘိလပ်မြေ ၃၁၅ဝ တန်တို့ကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေအဝင်တန်ချိန်မှာ တစ်သောင်းခုနစ်ထောင် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ တန်ချိန် ခုနစ်ထောင်ကျော် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT-DOTနယ်စပ်မှလည်း အဝင်ပို ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၇၅၂ သန်းဖိုး တန်ဖိုးရှိဘိလပ်မြေ ၆၇၁၅ တန် တင်သွင်းနိုင်ခဲ့ ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၁၄၃၅ ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ် စခန်းအလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၅၆ တန်၊ လွယ်ဂျယ်မှ ၇ဝ၂ တန်၊ ကန်ပိုက်တီးမှ ၃၇၃၂ တန်၊ တာချီလိတ်မှ ၁၆၉၆ တန်၊ မြိတ်မှ ၂၂၇ တန်၊ စစ်တွေမှ ၉၄ တန်၊ မောင်တောမှ ၂ဝ၈ တန် အသီးသီးတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင် လာကြတဲ့အတွက် ဘိလပ်မြေတင်သွင်းမှု ပိုမိုရခြင်းဖြစ်ပါတယ်။ MIRT-DOBT ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၃ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅၁၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၅ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝ မော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၈ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT-MAPT
Background