Main menu

Background

နို့ဆီ လက်လီဈေးများ

Sun, 01/30/2011 - 06:36 -- Anonymous (not verified)

ဒီတစ်ပတ်လည်း နို့ဆီအဝင်ကောင်း                ပင်လယ်ရေကြောင်း လမ်းကနေ ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း နို့ဆီတန်ချိန် ၄၉၃၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၅၁၁ဝ၃၃ ဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံကတော့ ဖောက်သည် စင်ကာပူနိုင်ငံကပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် နို့ဆီအဝင်နဲ့ကြည့်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၆ဝ ကျော် ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့စိမ်း က ဒီတစ်ပတ်မှာလည်း အဝင်မရှိခဲ့ပါ ဘူး။              နို့မှုန့်အနေနဲ့က အမြဲတမ်းတင် သွင်းနေကြ နိုင်ငံဖြစ်တဲ့ သြစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့အပြင် အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံများကပါ အသီးသီးတင်သွင်းလာတာ တွေ့ရပါတယ်။ သြစတြေးလျနိုင်ငံမှ ၂ ဒသမ ၄၉ တန်၊ အင်ဒိုနီးရှားနိုင်ငံမှ သုည ဒသမ ၁ တန်၊ မလေးရှားနိုင်ငံမှ သုည ဒသမ ၈၂တန်၊ စင်ကာပူနိုင်ငံမှ ၇ ဒသမ ၈ တန်နဲ့ ထိုင်း နိုင်ငံမှ သုည ဒသမ ၅၉ တန်တို့ တင် သွင်းခဲ့ပါတယ်။ MIRT-DOTနို့ဆီ၊ နို့စိမ်း ပြန်လည်တင်သွင်းမှုရှိ            ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက် အတွင်း ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကန်ဒေါ်လာ ၂၉ဝဝ၈တန်ဖိုးရှိ နို့စိမ်း ၁၈၁၃ ကာတွန်း (၃၄ ဒသမ ၃၇ တန်)နဲ့ ကန်ဒေါ်လာ ၁၃၂၆ဝဝ တန်ဖိုးရှိ နို့ဆီ ၇၈ဝဝ ကာတွန်း (၁၄၈ တန်) တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ၊ နို့စိမ်း တင်သွင်းခဲ့မှုမရှိပေမဲ့ ယခုအပတ်မှာ ပြန်လည်တင်သွင်းမှုရှိခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်းမှာ နို့ဆီ (၅၂၂၃ ကာတွန်း)နဲ့ နို့စိမ်း ၃၇၆ တန် (၁၉၈၁၅ ကာတွန်း) တင်သွင်းထားပြီး ဖြစ်ပါတယ်။ ယခုအပတ်မှာ မူဆယ် နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိခဲ့သော် လည်း ဇန်နဝါရီလအတွင်းမှာ နို့မှုန့် ၁ဝ၅ တန်ကျော် တင်သွင်းထားခဲ့ပြီးဖြစ် တယ်လို့ သိရပါတယ်။ MIRT-DOBT နို့ဆီ လက်လီဈေးများ              နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်  လက်လီဈေး               ကျပ်/တစ်ဘူး                      ရန်ကုန်           မန္တလေးဒွန်း( နို့ဆီ )         ၆၇ဝ               ၆၈၅ဒွန်း( နို့စိမ်း)         ၆၅ဝ               ၆၆၅ၤေူခသည နို့ဆီ       ၆၁ဝ               ၆၂၅မာရီဂိုး(နို့ဆီ)        ၆၄ဝ               ၆၅ဝအိုကေနို့ဆီ           ၆၇ဝ               ၆၈၅MIRT(DOT)