Main menu

Background

ဝယ်လိုအားနည်းလို့ စားအုန်းဆီကြမ်း အနိမ့်ဈေးနဲ့ပိတ်၊ ပဲပုပ်ဆီဈေးပိုမိုလာ

Sun, 01/30/2011 - 06:42 -- Anonymous (not verified)

 ဝယ်လိုအားနည်းလို့ စားအုန်းဆီကြမ်း အနိမ့်ဈေးနဲ့ပိတ်၊ ပဲပုပ်ဆီဈေးပိုမိုလာ              မလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ ၂၆ ရက်က ဝယ်လိုအားကျဆင်းလာလို့ စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး အကျနဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ချီကာကိုမှာ ပဲပုပ်ဆီကြိုပွိုင့်ဈေးက ယခင်ရက်က ဈေးအနည်းငယ်လျော့ကျရာမှ ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဧပြီလ အခြေခံစာချုပ်ဈေးက တစ်တန်ကို ရင်းဂစ် ၃၃(ကန်ဒေါ်လာ ၁ဝ ဒသမ ၈၁)၊ ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းပြီး ရင်းဂစ် ၃၆၇ဝ (ကန်ဒေါ်လာ ၁၂ဝ၉) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။             ချီကာကိုမှာ မတ်လပဲပုပ်ဆီကြိုပွိုင့်ဈေးက ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ၅၆ ဒသမ ၁ဝ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နှစ်သစ်ကူး နီးလာပြီ ဖြစ်လို့ လာမယ့်ရက်တွေမှာလည်း စားအုန်းဆီဈေးက အပြောင်းအလဲဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ ဝယ်ယူမှုနည်းပေမဲ့ လာ မယ့်လတွေမှာရောင်းလိုအားနည်းပြီး ပြည်ပဝယ်လိုအားပုံမှန်ရှိနေခြင်းက ဈေးနှုန်း ကို မြင့်တက်စေနိုင်ပါတယ်။          လွန်ခဲ့တဲ့ တစ်လက စားအုန်းဆီတန်ချိန် ၁ ဒသမ ၂၆ သန်း ၁ ဒသမ ၂၉ သန်းရောင်းချခဲ့ရာမှ ဇန်နဝါရီလမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ၃ သန်းထိ ရောင်းချနိုင်လိမ့်မယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ လက်ငင်း ဈေးကွက်မှာ ဧပြီ၊ မေ၊ ဇွန်လ စားအုန်းဆီခဲ FOB  ဈေးက တစ်တန် ကို ကန်ဒေါ်လာ ၁၁၉၅၊ ၁၁၉၇ ဒသမ ၅ဝ နဲ့ ၁၂ဝဝ အသီးသီးရှိပြီး ချက်ချင်း တင်ပို့ရမယ့် စားအုန်းဆီကြမ်းဈေးက တစ်တန်ကို ရင်းဂစ် ၅ဝ (ကန်ဒေါ်လာ ၁၆ ဒသမ ၃၉) ကျဆင်းပြီး ရင်းဂစ် ၃၇၅ဝ (ကန်ဒေါ်လာ ၁၂၂၉) ဈေးဖြစ် တယ်လို့ သိရပါတယ်။ ယုဇန၊Source: palmoilhq.com