တစ်ပတ်အတွင်း တန် ၁၃ဝဝ ကျော် တင်ပို့ ဇန်နဝါရီ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၃၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၅၁၃ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာတန်ချိန် ၁၅၆၅ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာ ၂၂၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3 တန် ၃ဝဝ၊ RSS-5 တန် ၄ဝ၊ အိန္ဒိယကိုRSS-3 တန် ၄ဝ၊ မလေးရှားကို MSR-50 တန် ၁၄ဝ၊ RSS-3 ၉၇ တန်၊RSS-5 ၇၂ဝ တန် အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့တဲ့ FOB ဈေးနှုန်းတွေကတော့RSS-3 တစ်တန်ကို ဒေါ်လာ ၄၉ဝဝ၊ RSS-5 တစ်တန်ကို ၄၈ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၉ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
Background