ဒီတစ်ပတ် နယ်စပ် အပို့ တန် ၈ဝဝ ကျော်သာရှိ ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်၊ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နဲ့ထိုင်းနိုင်ငံတို့သို့ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် ဒေသထွက် ကန်ဒေါ်လာ ၃ ဒသမ ၂၄ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၈၅၆ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ရော်ဘာ တန် ၁၂၂ဝ ကျော်တင်ပို့ခဲ့တာမို့ ယခု အပတ်မှာ တန်ချိန် ၃၆၅ တန်ကျော် တင်ပို့မှုလျော့ကျခဲ့ပါတယ်။ RSS-3 အဆင့်နဲ့ MSR-50 အဆင့်များ တင်ပို့မှု များသော် လည်း မန္တလေး-မူဆယ်သယ်ယူစရိတ်နှုန်းထားများမှာ ထပ်မံမြင့်တက် လျက်ရှိတဲ့အတွက် ကုန်စည်စီးဆင်းမှုကိုထိန်းပြီး လုပ်ဆောင်နေကြတာကြောင့်လို့ သိရပါတယ်။ ပို့ကုန်သယ်ယူခ နှုန်းထားများမှာ ယခင်အပတ်က ၁ ပိဿာ ၉၅ ကျပ်ရှိခဲ့ရာမှ ယခုအပတ်မှာ ကျပ် ၁၄ဝ ထိ မြင့်တက်လာလျက် ရှိပါတယ်။ နယ်စပ်စခန်းအလိုက် ရော်ဘာတင်ပို့နိုင်မှုများမှာ မူဆယ်မှ RSS-1 တန် ၅ဝ ၊ RSS-3 ၂၁၄ တန်ခွဲ၊MSR-20 ၈၇ တန်ကျော်၊ MSR-50၂ဝ၆ တန်၊ ချင်းရွှေဟော်မှRSS-1 ၉၉ တန်ခန့်နဲ့ RSS-3 တန် ၁ဝဝ၊ မြိတ်မှ MSR-50 တန် ၁ဝဝ ဖြစ်ပါတယ်။ အဆင့်အလိုက် တင်ပို့ နိုင်မှုများကတောRSS-1 ၁၄၉ တန်ခန့်၊RSS-3 ၃၁၄ တန်ခွဲ၊ MSR-20 ၈၇ တန်ကျော်နဲ့MSR-50 ၃ဝ၆ တန်ဖြစ်ပါတယ်။ တရုတ်ဈေးကွက် ရော်ဘာဝယ်ဈေးတွေကတော့RSS-3 တစ်တန် ယွမ် ၃၁ဝဝဝ နဲ့ RSS-5 တစ်တန် ယွမ် ၂၉၅ဝဝ အသီးသီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-(3) ၃၉၅၅၃၁ဝ ၃၉၅၅၃၁ဝ - ၄၇ဝ၂ ၄၆၉၇ ၅ ဝ .၁RSS-(5) ၃၇၂၂၅၁ဝ ၃၇၂၂၅၁ဝ - ၄၄၇၅ ၄၄၇ဝ ၅ ဝ .၁MIRT (DOBT)
Background