Main menu

Background

ယခုတပတ် တန် ၁၃ဝဝ ကျော် တင်ပို့ရာမှာ ပါကစ္စတန်ကို ၅ဝဝ ပါဝင်

Sun, 01/30/2011 - 08:14 -- Anonymous (not verified)

 ယခုတပတ် တန် ၁၃ဝဝ ကျော် တင်ပို့ရာမှာ ပါကစ္စတန်ကို ၅ဝဝ ပါဝင်          ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၃၃ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၃၃၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄ဝ၃၄ တန် တင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ တန်ချိန် ၂၇ဝဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ မလေးရှားကို တန် ၃၆ဝ၊ အိန္ဒိယကို တန် ၂၃ဝ၊ စင်္ကာပူကို တန် ၂၄ဝ နဲ့ ပါကစ္စတန်ကို တန် ၅ဝဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိ ကြောင်း သိရပါတယ်။ KZW