Main menu

Background

နှစ်ကူးအမီ အရောင်းအဝယ်သွက်တဲ့ ပြောင်းဈေးကွက်

Sun, 01/30/2011 - 08:18 -- Anonymous (not verified)

နှစ်ကူးအမီ အရောင်းအဝယ်သွက်တဲ့ ပြောင်းဈေးကွက်             ယခုတစ်ပတ် မန်းပြောင်းဈေးကွက်မှာ တရုတ်ဝယ်လက်သမားတို့ အဝယ်ရှိသလို လှောင်လက်သမားများမှလည်း အဝယ်ရှိလာတာကြောင့် ယခင် အပတ်ထက် ဈေးမြင့်လာတာတွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ ရှမ်းပြောင်း ဝင်ရောက်မှုနည်းသွားပြီး၊ မြင်းခြံ-ပခုက္ကူဒေသများမှ ဃဏ ပြောင်းများအပြင် အခြား နယ်စုံမှလည်း ဗမာပြောင်းများ ဝင်ရောက်လာပါတယ်။ ယခင်တစ်ပတ်က ရှမ်း ပြောင်း တစ်ပိဿာ ၂၄၁ ကျပ် (တစ်တန် ၁၄၇၅ဝဝ ကျပ်)၊ ပြောင်းဗမာတစ်ပိဿာ ၂၃၁ ကျပ် (တစ်တန် ၁၄၁၄ဝဝ ကျပ်) အထွက်တိုးပြောင်းတစ်ပိဿာ ၂၅၅ ကျပ် (တစ်တန် ၁၅၆၁ဝဝ ကျပ်) ဈေးရှိပြီး၊ ယခုတစ်ပတ်မှာ ရှမ်ပြောင်းနဲ့ ဗမာပြောင်းတစ်ပိဿာ ၂၅၉ ကျပ် (တစ်တန် ၁၅၈၆ဝဝ ကျပ်)၊ အထွက်တိုး ပြောင်းတစ်ပိဿာ ၂၇၄ ကျပ် (တစ်တန် ၁၆၇၇ဝဝ ကျပ်) ဈေးတို့နဲ့ ဈေးမြင့်လာပြီး၊ အရောင်းအဝယ်အနည်းငယ်သွက်လာပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ တန် ၇၇ဝ တင်ပို့မှုရှိခဲ့သလို အခိုျ့ကုန်သည်များကလည်း တရုတ်နှစ်သစ်ကူး မတိုင်မီ တင်ပို့ရောင်းချမှု သွက်လာတဲ့အတွက် ဈေးမာလာတာဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။                                                                                        ကျော်ကျော်မိုး