Main menu

Background

မြိတ်ကျွန်းစုရှိ ငါးသယံဇာတများ ထိန်းသိမ်းမည်

Sun, 01/30/2011 - 08:33 -- Anonymous (not verified)

မြိတ်ကျွန်းစုရှိ ငါးသယံဇာတများ ထိန်းသိမ်းမည်               တနင်္သာရီတိုင်း ဒေသကြီးအတွင်း မြိတ်ကျွန်းစုရှိ ငါးသယံဇာတများကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ အပတ်စဉ်ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုး တက်မှုဆိုင်ရာ ဆွေးနွေးပွဲက သိရပါတယ်။             ''အရင်အပတ်က ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း ရာသီဥတုပြောင်းလဲခြင်း၊ ဂေဟစနစ် ထိန်းသိမ်းခြင်း၊ ရင်းနှီး မြူပ်နံှခြင်းစသည်များ တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အတွက် ထိုင်းနိုင်ငံ ဖူးခက်မြို့ကို ငါးလုပ်ငန်းဦးစီးဌာနက ၁ဝ ဦးတက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတက်ရောက်တဲ့ ကိုယ်စားလှယ်ပေါင်း ၄၅ ဦးရှိပြီး အုပ်စု ၃ စုခွဲ၍ လေ့လာဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ် အော်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘက်ကNational Coordanitor ခန့်အပ်ပြီးဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့် စီမံကိန်းငယ်တွေကစပြီး ဆောင်ရွက်မှာပါ။ဒါ့ကြောင့် မြိတ်ကျွန်းစုထဲမှာရှိတဲ့ ငါးသယံဇာတတွေကို ထိန်းသိမ်းဖို့ ဦးစားပေး လုပ်ငန်းအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။          ထိုင်းနိုင်ငံ ဖူးခက်ဒေသမှ ကျူနာငါးများကို မက်ထရစ်တန် ၁၇ဝဝဝ ကို နှစ်စဉ်ဂျပန်နိုင်ငံသို့ တင်ပို့လျက် ရှိနေကြောင်း အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းပြောကြားပါတယ်။ MN