Main menu

Background

MAI ၏ ခရီးစဉ်သစ်များ ပံျသန်းပြေးဆွဲရန် လေယာဉ်သစ် ဖေဖော်ဝါရီလအတွင်း ထပ်မံရောက်ရှိမည်

Sun, 01/30/2011 - 08:43 -- Anonymous (not verified)

 MAI ၏ ခရီးစဉ်သစ်များ ပံျသန်းပြေးဆွဲရန် လေယာဉ်သစ် ဖေဖော်ဝါရီလအတွင်း ထပ်မံရောက်ရှိမည်            အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း MAI သည် ခရီးစဉ်သစ်များပံျသန်းပြေးဆွဲရန်အတွက် လေယာဉ်သစ်တစ်စင်းသည် ဖေဖော်ဝါရီလအတွင်း ထပ်မံ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ MAI သည် လက်ရှိတွင် လေယာဉ်လေးစင်းရှိပြီး ထပ်မံရောက်ရှိမည့် လေယာဉ်သစ်သည် Airbus A-320  အမျိုးအစားဖြစ်ကာ ခရီးသည် ၁၆၂ ဦးလိုက်ပါနိုင်ကြောင်းသိရသည်။''ခရီးစဉ်သစ်တွေအတွက် လေယာဉ်တစ်စင်းထပ်မံရောက်ရှိလာမှာပါ၊ လေယာဉ်သစ်က လက်ရှိပံျသန်းနေတဲ့ လေယာဉ် အမျိုးအစားထဲကပါ''ဟု MAI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ MAI  လေကြောင်းလိုင်းတွင် ခရီးသည် ၁၆၂ ဦးလိုက်ပါနိုင်သည့် Airbus A-320 လေယာဉ် နှစ်စင်း၊ ခရီးသည် ၃ဝဝ လိုက်ပါနိုင်သည့် Airbus A-321 နှစ်စင်းရှိပြီး ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဂါယာခရီးစဉ်များကိုပံျသန်းလျက်ရှိကြောင်း၊ ထို့အပြင် ထပ်မံရောက်ရှိမည့် လေယာဉ်သစ်ဖြင့် ကမ္ဘောဒီးယား (စီရမ်ရိ)၊ တရုတ်၊ ကွမ်ကျိုး၊ ခရီးစဉ်သစ်များကို ဖေဖော်ဝါရီလအတွင်း ပံျသန်းပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။            MAI လေကြောင်းလိုင်းအား ပြည်တွင်းပုဂ္ဂလိကနှင့် အစိုးရပူးတွဲပိုင်ဆိုင်မှု ပြုလုပ်ပြီးနောက်ပိုင်း လေယာဉ်သစ်များ ရောက်ရှိလာတာ ခရီးစဉ်သစ်များနှင့် ပုံစံမှန်ခရီးစဉ်များကို ပံျသန်းပြေးဆွဲလာကြောင်းသိရသည်။''အရင်က ရန်ကုန်ကနေ စင်ကာပူ၊ ဗန်ကောက်ကို တိုက်ရိုက်ပံျသန်းပေးခဲ့တယ်။တိုးခဲျ့ပုံစံသစ်ပံျသန်းမှု အနေနဲ့ ရန်ကုန်-ဗန်ကောက်-စင်ကာပူခရီးစဉ်ကို တိုးခဲျ့ပံျသန်းပေးထားတယ်'' ဟု ၎င်းကဆက်လက်ပြောကြားသည်။ MAI လေကြောင်းလိုင်းသည် ရန်ကုန်-ဆီရမ်ရို ခရီးစဉ်သစ်ကို ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ တစ်ပတ်လျှင်နှစ်ကြိမ် ပံျသန်းပြေးဆွဲသွားရန်စီစဉ်ထားပြီး အာဆီယံဒေသတွင်းနိုင်ငံများ အချင်းချင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ကြောင်း သိရသည်။ ကိုဖြိုး