Main menu

Background

ဒီတစ်ပတ်နနွင်းပိုတင်ပို့နိုင်ခဲ့

Tue, 02/01/2011 - 03:57 -- Anonymous (not verified)

ဒီတစ်ပတ်နနွင်းပိုတင်ပို့နိုင်ခဲ့                   ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက် တာကာလအတွင်း နနွင်းတန်ချိန် ၁၉ ဒသမ ၆၃ တန်တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံက သြစတြေးလျနိုင်ငံကို ၁ ဒသမ ၆၃ တန်နဲ့ မလေးရှားနိုင်ငံ ကို ၁၈ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်တစ်တန်ကို  FOB ဈေး ကန်ဒေါ်လာ ၁၅၈ဝ ဝန်းကျင်ရှိခဲ့တဲ့ နနွင်းဈေးက ဒီတစ်ပတ်မှာတော့ ၁၉ဝဝ ဒေါ်လာဝန်းကျင်ခန့်ရရှိခဲ့ပါတယ်။ စုစုပေါင်းရရှိခဲ့တဲ့ ပို့ကုန် ဝင်ငွေစုစုပေါင်းက ကန် ဒေါ်လာ ၃၇၅၄၅ ဒေါ်လာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထက် နနွင်း ၅ တန် ခန့်ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)