Main menu

Background

ခြံစည်းရိုးကြက်ဆူကို စီးပွားဖြစ်ထုတ်တော့မည်

Tue, 02/01/2011 - 03:57 -- Anonymous (not verified)

 ခြံစည်းရိုးကြက်ဆူကို စီးပွားဖြစ်ထုတ်တော့မည်            တရုတ်၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံတွေမှာ စိုက်ပျိုးထားတဲ့ ခြံစည်းရိုးကြက်ဆူ  (Jatropha) သီးနံှတွေကို ရိတ်သိမ်းတော့မှာဖြစ်ပါတယ်။ ခြံစည်းရိုးကြက်ဆူကို စီးပွားဖြစ်ထုတ်လုပ်နိုင်ခြင်း ရှိ/မရှိ ကုမ္ပဏီတွေက ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။ ဒါကြောင့် ဇီဝလောင်စာအဖြစ် ထုတ်လုပ်ရေးမှာ ခြံစည်းရိုးကြက်ဆူဟာ အရေးပါတဲ့သီးနံှဖြစ်လာတယ်ဆိုတာကို ဒီနှစ်ထဲမှာပြသနိုင်တော့မှာ ဖြစ်ပါတယ်။                ခြံစည်းရိုးကြက်ဆူကထုတ်တဲ့ဆီကို အဆင့်မြင့်ဇီဝလောင်စာထုတ်လုပ် နိုင်မှာဖြစ်သလို လေယာဉ်ဆီအဖြစ် ထုတ်လုပ်နိုင်မယ့် အလားအလာတွေရှိနေပါတယ်။ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေမှာ ၂ဝဝ၄ ခုနှစ် နှစ်ဦးပိုင်းက တည်းက ကျယ် ကျယ်ပြန့်ပြန့်စိုက်ပျိုးခဲ့ပေမယ့် မျှော်လင့်ထားသလို ဆီအထွက်နှုန်းမရရှိတဲ့အတွက် အိန္ဒိယနိုင်ငံမှာ အောင်မြင်မရမရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သီးနံှရဲ့အထာ ကို သဘောပေါက်လာပြီး ဆီအထွက်နှုန်း တိုးမြှင့်ပေးနိုင်မယ့် နည်းပညာတွေ ကောင်းမွန်လာတဲ့အတွက် ဇီဝလောင်စာဆီဘက်ကို ပြန်လည် စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပါတယ်။ ဂျာမနီနိုင်ငံ လူသန်ဇာ၊ ဘရာဇီးရဲ့ တီအေအမ်၊ အဲနယူးဇီလန်နဲ့ အဲချိုင်းနားစတဲ့ လေကြောင်းကုမ္ပဏီတွေက ခြံစည်းရိုးကြက်ဆူဆီက ထုတ်တဲ့ လောင်စာဆီတွေနဲ့ စမ်းသပ်ပြီး အောင်အောင်မြင်မြင် ပံျသန်းနိုင်ခဲ့ပါတယ်။                Biofuel Resource  ကုမ္ပဏီက တရုတ်နိုင်ငံ ကွမ်ရှီးပြည်နယ်မှာ ကြက်ဆူပင် ၃၃ စတုရန်းကီလိုမီတာ စိုက်ပိုျးထားပြီး လေးနှစ်အကြာမှာ စီးပွားဖြစ် ရိတ်သိမ်းထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဒီပြည်နယ်က တရုတ်အစိုး ရက ခွင့်ပြုချက် ပေးထားတဲ့ မြေဧရိယာရဲ့ ၁ဝ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။ ယခုနှစ်ကုန်မှာ ကြက်ဆူဆီ တန်ချိန် တစ်သောင်းခွဲထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏနဲ့ဆိုရင် ထရပ်ကားအစီး ၁ဝဝဝ အတွက် ငါးနှစ်စာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီက ယခုနှစ်ဒုတိယနှစ်ဝက်မှာ သန့်စင်စက်ရုံကို အပြီးသတ်တည် ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဆူဆီကို ကိုယ်ပိုင်စက်ရုံနဲ့သန့်စင်ပြီး ကွမ်ရှီးပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းတွေကို ဖြန့်ဖြူးပေးမှာ ဖြစ်ပါတယ်။              သယ်ယူပို့ဆောင်ရေးလုပ်ငန်းဟာ ရုပ်ြွကင်းလောင်စာဖြစ်တဲ့ ရေနံကို အဓိကအသုံးပြုတဲ့လုပ်ငန်းကဏ္ဍ ဖြစ်တဲ့အတွက် ဇီဝလောင်စာကိုလက်တွေ့ အစားထိုးနိုင်ပြီဖြစ်တဲ့အတွက် ဇီဝလောင်စာက နေစွမ်းအင်နဲ့ လေစွမ်းအင်တို့ထက် အစားထိုး သုံးစွဲရာမှာ သာလွန်ကောင်းမွန်တယ်လို့ Biofuel Resource  ရဲ့ အမှုဆောင် အရာရှိ မစ္စတာ အန်းနက်တန်က ပြောပါတယ်။              စားနပ်ရိက္ခာထုတ်လုပ်တဲ့သီးနံှတွေ စိုက်ဖို့မသင့်တော်တဲ့မြေနေရာတွေမှာ ခြံစည်းရိုးကြက်ဆူကို စိုက်ပျိုး နိုင်တဲ့အတွက် ခြံစည်းရိုးကြက်ဆူဟာ အားထားနိုင်တဲ့ လောင်စာဆီထုတ်သီးနံှဖြစ်တယ်လို့ စင်ကာပူရှိ စက်မှုလုပ်ငန်းလေ့လာ ဆန်းစစ်သူ တွေက ယုံကြည်ထားပါတယ်။ စိုက်ပျိုးခြံအတော်များများမှာ အောင်မြင်မှုမရရှိတဲ့ အကြောင်းအရင်းက မျိုးစေ့အရိုင်းတွေသုံးတာနဲ့ သီးနံှတွေကို မှန်မှန်ကန်ကန်မစိုက် ပျိုးလို့ဖြစ်ပါတယ်။              စင်ကာပူနိုင်ငံ တီးမားဆက်သက်ရှိ သိပ္ပံဓာတ်ခွဲခန်းက ဆီအထွက်ပို ကောင်းတဲ့ ခြံစည်းရိုးကြက်ဆူကို အောင်မြင်စွာ သုတေသနပြုစိုက်ပျိုးနိုင်ပြီဖြစ် ကြောင်း J.oil သုတေသနပညာရှင် ဒေါက်တာဟောင်းရန်က ပြောပါတယ်။ အခြားစင်ကာပူကုမ္ပဏီတွေကလည်း ခြံစည်းရိုးကြက်ဆူစိုက်ပျိုးရေး လုပ်ငန်းအတွက် ငွေကြေးပုံအော အသုံးပြုလျက်ရှိပါတယ်။ ဒီအထဲမှာ ရိုးမ မဟာဗျူဟာဦးပိုင်ကုမ္ပဏီ့Yoma Strategic Holdings နဲ့ Bioenergy Plantation လည်းပါဝင်ပါတယ်။့Yoma Strategic Holding က မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုး လုပ်ကိုင်နေပြီး Bioenergy Plantation  က အိန္ဒိယနိုင်ငံအန္နရာပရာဒက်ပြည်နယ်မှာ ပထမဆုံး ''ကိုယ်ထူကိုယ်ထ ကျေးရွာ'' တစ်ခုထူထောင်ပြီးခြံစည်းရိုးကြက်ဆူ စိုက်ပိုျးရေးလုပ်ငန်းတွေ၊ စွမ်းအင်ယူနစ်တွေနဲ့ လေစွမ်းအင်စက်ရုံ တွေ အသုံးပြုထားပါတယ်။              Yoma ကုမ္ပဏီက ခြံစည်းရိုးကြက်ဆူ ဟတ်တာ ၂၄ဝ ကို ရိတ်သိမ်း ထားပြီးဖြစ်ပါတယ်။ ခြံစည်းရိုးကြက်ဆူ လုပ်ငန်းက နှစ်ပေါင်းများစွာ ရွာလည် နေရာကနေ ကျယ်ကျယ်ပြန့်ပြန့်စီးပွားဖြစ်စိုက်ပျိုးလာတဲ့အခါမှာတော့ သီးနံှသစ် တစ်ခုအဖြစ် ဖြစ်ထွန်းလာပါတယ်လို့Yoma ကုမ္ပဏီရဲ့ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိ ချုပ်ဖြစ်သူ Mr.Serge Pun  က ပြောပါတယ်။ Source: The Strait Times, ဉာဏ်တင်