Main menu

Background

မှန်မှန်တင်ပို့နေတဲ့ နနွင်း

Tue, 02/01/2011 - 04:07 -- Anonymous (not verified)

မှန်မှန်တင်ပို့နေတဲ့ နနွင်း               ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ကျောက်တော်ဒေသထွက် နနွင်းတက် တစ်တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုး တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ နိုင်ခဲ့ပါတယ်။            မိမိဘက် နနွင်းတက်တစ်တန်ပေါက်ဈေးဟာ ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံဈေးက ၁၄ဝဝဝဝ တာကာ ပေါက် လျက်ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ ဒီဇင်ဘာလထိ ကာလအတွင်းမှာ နနွင်းတက်တန်ချိန် ၁ဝဝဝ ကျော် တင်ပို့ထားပြီး ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ၅ တန်တင်ပို့ထားပြီး ဖြစ်ပါတယ်။ တင်တင်ထွန်း(MIRT)