Main menu

Background

ကျောက်ဆည်နနွင်းထွက်ပြီ

Tue, 02/01/2011 - 04:07 -- Anonymous (not verified)

ကျောက်ဆည်နနွင်းထွက်ပြီ             ပြည်ပဝယ်လိုအားကောင်းတဲ့ နနွင်းတက်ဟာ မန္တလေးတိုင်းဒေသကြီးအနေနှင့် ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်မှာ အများဆုံးစိုက်ပျိုးတာကိုတွေ့ရပါတယ်။ ထွက်ရှိရာဒေသကိုအစွဲပြုပြီး၊ ဗမာနနွင်းတက်လို့ ခေါ်ဝေါ်ပြီး ရှမ်းနနွင်းထက် အရည်အသွေးကောင်းမွန်တာကြောင့် ဈေးပိုလေ့ရှိပါတယ်။ ယခုရက်များမှာ ဗမာ နနွင်းတက်အသစ်များ စတင်ထွက်ရှိလာရာ တစ်ပိဿာ ၃၅ဝဝ ကျပ် ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ တစ်ဧက ကုန်ကျစရိတ်အနေနဲ့ ငါးသိန်းဝန်းကျင်ကုန်ကျကာ တစ်ပိဿာဈေးအနေနဲ့ ၅ဝဝ ကျပ်ဝန်းကျင်သာကုန်ကျတဲ့အတွက် တောင်သူ အကျိုးအမြတ်ဖြစ်ထွန်းတယ်လို့ သိရပါတယ်။ သီးနံှပေါ်စ ဈေးနှုန်းဖြစ်လို့ အထွက်လှိုင်ချိန် ဈေးအခြေအနေကို စောင့်ကြည့်ဖို့လိုကြောင်း နနွင်းတက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ သင်းးသင်းးမြတ်