Main menu

Background

အိန္ဒိယနနွင်းဝယ်လိုအားနည်းလို့ ဈေးကျဆင်း

Tue, 02/01/2011 - 04:15 -- Anonymous (not verified)

အိန္ဒိယနနွင်းဝယ်လိုအားနည်းလို့ ဈေးကျဆင်း           အိန္ဒိယဈေးကွက်တွေကို နနွင်းအသစ်ဝင်ရောက်မှု တိုးတက်လာပြီဖြစ်ပေမဲ့ ဒေသတွင်း လှောင်လက်တွေက ဝယ်လိုအားနည်းတာကြောင့် လက်ငင်းဈေးရော ကြိုပွိုင့်ဈေးပါ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သုညဒသမ ၁၇ ရာခိုင်နှုန်းနဲ့ သုည ဒသမ ၃ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နဲ့ နီဇမ်မာဘတ်ဈေးကွက်တွေကို နနွင်းအသစ် ဝင်ရောက်မှုဟာ ယခင်သီတင်းပတ်က အိတ် ၁ဝဝဝ နဲ့ ၃ဝဝဝ စီ ဝင်ရောက်ခဲ့ရာက ယခုသီတင်းပတ်မှာ အိတ် ၂၅ဝဝ နဲ့ ၄ဝဝဝ စီဝင်ရောက်လာတယ်လို့ သိရပါတယ်။           ၂ဝ၁ဝ-၂ဝ၁၁ ယခုနှစ်အတွက် နနွင်းထွက်ရှိမှုကို ခန့်မှန်းရာမှာ ၇ဝ ကီလိုပါအိတ် ၆၉ သိန်းထိ ခန့်မှန်းထားပြီး ယခင်နှစ်က အိတ် ၄၈ သိန်းထွက်ရှိခဲ့တယ်လို့ သိရပါတယ်။ တောင်သူအများစုဟာ နနွင်းဈေးကောင်းနဲ့ ရောင်းရမယ်လို့ မျှော်မှန်းထားပေမဲ့ ဝယ်လက်တွေက ယခင်သီတင်းပတ်ဈေးနဲ့သာ ဝယ်လိုကြတယ်လို့ ဆိုပါတယ်။ တောင်သူများအနေနဲ့ နနွင်းဟောင်းတွေကို ပိုမိုရောင်းချလိုတဲ့အတွက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု တိုးတက်ပေမဲ့ အရောင်းအဝယ်တော့ ထိုင်းနေတယ်လို့ သိရပါတယ်။            ကာလတိုအတွင်းဈေးနှုန်းအလားအလာကတော့ နနွင်းဝင်ရောက်မှုနဲ့ ဝယ်လိုအားပေါ်မူတည်နေပြီး ကာလလတ်နဲ့ ကာလရှည်အတွင်းမှာတော့ ထုတ်လုပ်မှုမြင့်တက်လို့ နနွင်းဝင်ရောက်မှု တိုးတက်လာမှာ ဖြစ်တဲ့အတွက် ဈေးနှုန်းကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ အီရော့နနွင်းကုန်သည်များ ဈေးဝင်းမှာ နနွင်းလက်ချောင်း(အဟောင်း) ဈေးက တစ်တန်ကို ရူပီး ၉၁ဝ၆ဝ-၁၄၇၃၉ဝ (ကန်ဒေါ်လာ ၁၉၉၆-၃၂၃ဝ) ရှိပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉ဝ၉၆ဝ-၁၄၄ဝဝ (ကန်ဒေါ်လာ ၁၉၉၄-၃၁၅၆) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှcif?Source: Angel commodities